Part - 19 ( U ) 🚫

15.8K 826 11
                                    

နေ့ခင်းစာကိုဈာန်တို့တူတူစားလိုက်ကြသည်။အိမ်မှာအမြဲကြီးမြလက်ရာပဲစားရတာမို့ ပထမဆုံးစားရတဲ့စောလက်ရာလေးကအတော်ကိုကောင်းသည်။နောင်တစ်သက်လုံးဒီလက်ရာလေးကိုစားရမည်လို့တွေးလိုက်တိုင်း မျက်နှာထက်ဝယ်အပြုံးတို့ဟာ ထိန်းမရသိမ်းမရပေ။

စောအမေကလည်းရှိန်းကိုဟင်းတွေခတ်ထည့်ပေးနေပြီး ဈာန့်ကိုတော့စောကသာထည့်ပေးရသည်။

" စားလေ ထည့်စား. "

အမေ့ရှေ့မို့ မောင်ဆိုတာကိုထည့်မခေါ်ပဲ ပြောတော့ဈာန်ကဝမ်းနည်းနေသလိုလိုလေးကြည့်လာသည်။စောလည်းမောင့်ကိုအားနာနေပြီဖြစ်သည်။မနေနိုင်တော့တဲ့အဆုံးစောအမေ့အားပြောလိုက်မိတော့သည်။

"  မေမေဧည့်သည့်ချင်းတူ‌တာတောင်ဘာလို့ရှိန်းကိုလဲ.. "

မဆိုစလောက် ဒေါသလေးနည်းနည်းတော့ပါသည်။
စောအသံကပုံမှန်ထက်ကျယ်နေသည်လေ။ဈာန်စားလက်စထမင်းကိုရပ်ပြီး စောအားပြူးပြူးလေးကြည့်နေလိုက်သည်။
ရှိန်းနဲ့သူ့အမေကလည်း စောကိုစိုက်ကြည့်နေသည်။

" ဘာလို့လဲ .. "
". ဘက်မလိုက်နဲ့မေမေရယ် .. "

စောပုံစံကစိတ်ရှုပ်နေသလိုဖြစ်နေတာမို့ ရှိန်းဝမ်းနည်းသွားရသည်။ဒီနေရာမှာသူကအနှောင့်အယှက်သက်သက်ပဲ။အစ်ကို့ကိုတောင်စိတ်ရှုပ်စေနေမိပြီ။သို့သော်လည်း ထမင်းစားနေရင်းချက်ချင်းထပြန်လာရင် ရိုင်းရာကျမှာမို့ ထမင်းကိုကုန်အောင်မြန်မြန်စားပြီး ထလာခဲ့လိုက်သည်။
အမေ့ကိုလည်း အလုပ်ကိစ္စပေါ်လာလို့ ညမအိပ်တော့ဘူးဆိုတဲ့အကြောင်းကိုနားလည်အောင်ရှင်းပြပြီးပြန်လာခဲ့တော့သည်။
ကျွန်တော်ကအစ်ကို့အတွက်အနှောင့်အယှက်မဖြစ်စေရပါဘူး။

"  အမေဘက်မလိုက်ပါဘူးသားရယ် သားကကျရှိန်းကိုအရေးမလုပ်ပဲ ဈာန့်ကိုပဲအရေးပေးနေတော့အမေကသူ့ကိုအရေးပေးရတာပေါ့ အမေကပါသူ့ကိုအရေးမပေးရင်သူစိတ်မကောင်းဖြစ်သွားမှာပေါ့.. "

အမေပြောမှ မိမိလုပ်ရပ်ကိုပြန်စဉ်းစားမိသည်။ဈာန့်ကိုပဲအနားမှာထားပြီး ဈာန်နဲ့ပဲစကားတွေပြောနေမိသည်။ရှိန်းကအမေနဲ့စကားပြောနေကြတာပဲဆိုပြီး ရှိန်းကိုသူပစ်ထားသလိုဖြစ်သွားသည်။

မောင့်ပန်းချီ [ 𝐜𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ] Where stories live. Discover now