Part - 36 ( U )

8.9K 500 5
                                    


အချိန်အားဖြင့် ညကိုးနာရီဖြစ်သည်။ဈာန်သည်ဆေးရုံရှိ VIPအခန်းထဲတွင် ခေါက်တိုခေါက်ပြန်လမ်းလျှောက်နေသည်။
စောမေ့မျောနေသည်မှာ တစ်နာရီကျော်သွားလေပြီ။အခုထိသတိမရသေးသောကြောင့်ဖြစ်သည်။မမကလျာသည်လည်း စော၏ကုတင်ဘေးနားတွင်ထိုင်ကာ စောလက်လေးအားနှိပ်ပေးနေသည်။

".  လူနာကအားနည်းလို့အိပ်ပျော်နေတာပါဗျ အမ် ဘယ်လိုပြောရမလဲကိုယ်ဝန်ရှိစမို့ ဒီလိုဖြစ်တာပါ.. "

အခန်းထဲသို့ဝင်လာသော ဆရာဝန်ကြီးသည် လူနာမှတ်တမ်းစာရွက်ကိုကိုင်ကာ ဈာန့်တို့အားပြုံးလျက်ပြောပြလိုက်၏။

". ကိုယ် ကိုယ်ဝန်.. "

ဈာန်အယောင်ယောင်အမှားမှားဖြင့် လိုက်ပြောမိတော့ ဆရာဝန်ကြီးကထပ်ပြုံးပြလာသည်။စောဘေးတွင်ထိုင်နေသော ကလျာသည် ဈာန့်တို့အနားလျှောက်လာပြီး ဆရာဝန်ကြီးအားပြုံးပြ၏။

" ဟုတ်ကဲ့ သူ့ကကောင်လေးဆိုတော့လေ ကျွန်မတို့ထက် ဆင်ခြင်စရာလေးများ.. "

". အမ် ထူးထူးခြားခြားတော့မရှိပါဘူးဗျ မွေးတဲ့အချိန်ခွဲမွေးရတာကလွဲရင် ကျန်တာကပုံမှန်ပါပဲ.. "

". ဟုတ်ကဲ့ပါရှင့် ကျေးဇူးပါ.. "

". ဟုတ်ကဲ့ဗျ ခွင့်ပြုပါဦး.. "

". ဟုတ်.. "

ကလျာသည် ဆရာဝန်ကြီးထွက်သွားသည်နဲ့ ကြက်ကြီးလည်လိမ်ထားသလိုဖြစ်နေသည့် မိမိမောင်အားဗိုက်ခေါက်ကိုအားပါပါဆွဲလိမ်ပစ်သည်။

" အား မမ.. "

". ပျော်ရမဲ့အစား ဘာဖြစ်တာလဲ.. "

". ပျော်လွန်းလို့ဖြစ်သွားတာပါ မမရဲ့ ဟီး.. "

" အေး အခုကစပြီး သေချာဂရုစိုက်တော့.. "

". ဘယ်တုန်းကဂရုမစိုက်လို့လဲ.. "

". ဆင်ခြင်အုန်း လနုချိန်နဲ့၊လရင့်ချိန်.ငါပြောတာသိတယ်မလား.."

". သိပါတယ် မမရာ အမှန်တော့ ကျွန်တော်တို့နှစ်ခါပဲအိပ်ရသေးတာပါ.. ကျွန်တော်ကတဏှာရူးကောင်မဟုတ်ပါဘူးဆင်ခြင်ထုံတရားရှိပါတယ်.. "

ကျွန်တော်တွေ၊ဘာတွေဖြင့် လိမ်မာနေသည့် မိမိမောင်အားကြည့်ပြီး ကလျာရယ်မိသည်။ကလေးသာမွေးပြီးရင် ဘယ်လောက်အချိုးတွေပြေသွားလိမ့်မလဲ။မြန်မြန်မွေးစေချင်လှပြီစောရေ။

မောင့်ပန်းချီ [ 𝐜𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ] Where stories live. Discover now