Part - 18 ( U )

12.3K 841 8
                                    


ကလျာ ဟိုတယ်သွားခါနီးသူ့မောင့်အခန်းဆီသို့လာခဲ့သည်။
မနေ့ကအခြအနေဘယ်လိုရှိလဲမေးကြည့်ချင်သည်။ကလျာညကနောက်ကျမှပြန်လာတာမို့ ဈာန်နဲ့မတွေ့လိုက်ရပေ။
ဈာန်အခန်းနားရောက်တော့ အထဲကသီချင်းညည်းနေသံကိုကြားရတော့ ကလျာပြုံးလိုက်မိသည်။

" 🎼 ချစ်တဲ့ကြောင်းတွေပြောလွန်းလွန်းတဲ့မောင့်ကိုပင်
အပြစ်တွေဖို့ဖို့စိတ်တွေဝင်လာရင်
ချစ်ရဲ့သားနဲ့မမုန်းပါလို့တောင်းပန်ချင်...
ရွေကညှာတစ်ပါး သက်ထား‌ရွှေစင် 🎼

ကလျာအခန်းတံခါးကိုမှီပြီး သူ့မောင်ကိုပြုံးလျက်ကြည့်နေသည်။ဈာန်ကသူ့ကိုကျောပေးထားပြီး ဗီရိုထဲကအဝတ်အစားတွေရွေးနေတာဖြစ်ပြီး သူ့အမရောက်လာတာကိုမသိပေ။

ဗီရိုဒုတိယအလွှာမှာခေါက်ထားတဲ့ အဖြူရောင်လည်စတစ်နဲ့အင်္ကျီကိုထုတ်လိုက်သည်။ပြီးတော့ အနက်ရောင်စတိုင်ပန်ကိုပါထုတ်ပြီး မှန်ရှေ့လှည့်လိုက်တော့ အမဖြစ်သူရောက်လာတာသိလိုက်ရသည်။

" ဟေး ဘယ်အချိန်ကတည်းကရောက်.. "
" ကြာပြီ နင်အူမြူးနေလို့ကြည့်နေတာ..ဘယ်လိုလဲ.. "

အင်္ကျီကြယ်သီးတွေတပ်ရင်း အမဖြစ်သူအမေးအား
ဖြေလိုက်သည်။

". အဆင်ပြေသွားပြီ.. "
" အေးပါ ဝမ်းသာပါတယ် .. "

ကြယ်သီးတွေအကုန်တပ်ပြီးသွားတော့ အမဘက်လုံးလုံးလျားလျားလှည့်လိုက်ပြီး...

". ဘောင်းဘီလဲမလို့ ဟိုဖက်ခဏလှည့်ပေးနောက်ပြီးစကားထပ်ပြောမယ်.. ."
". ဪ အေးအေး.. "

ကလျာချက်ချင်းဆိုသလို ‌ဈာန့်ကိုကျောပေးလိုက်သည်။ခဏအကြာဈာန်ကရပြီလို့ပြောမှ သူ့ဘက်ပြန်လှည့်လိုက်သည်။

" အခုစောအမေဆေးရုံဆင်းမှာမို့ သွားပို့မလို့ ညကျလည်းပြန်မလာတော့ဘူးနော်.. "
". ဟဲ့ ပြန်မလာတော့ဘယ်သွားမလို့လဲ.. "
" စောအိမ်မှာအိပ်မလို့လေ... "
". ဪ အဲဒါဆိုလည်း အေးပါ.. "

ကလျာလက်ပိုက်လျက်သားနဲ့သူ့မောင်အားပြုံးပြုံးကြည့်နေလိုက်သည်။ကြာတော့ဈာန်လည်းအနေရခက်လာပြီး ဘာလဲဟာဆိုကာ ခေါင်းကုတ်၍ အခန်းထဲမှအရင်ထွက်နှင့်လေတော့သည်။
ပြေးကြည့်မှဒီမောင်နှမနှစ်ယောက်ထဲပဲရှိတာမို့ သူ့မောင်လေးပျော်နေတာမြင်ပြီး သူပါပီတိဖြစ်ကာကြည်နူးရသည်။လွန်ခဲ့တဲ့ရက်အနည်းငယ်ကမောင်လေးရဲ့ဒီလိုတက်ကြွမှုတွေပျောက်ကွယ်ခဲ့တော့အမတစ်ယောက်အနေနဲ့တာဝန်လစ်ဟင်းသလိုခံစားရသည်။အဲဒါကြောင့် မောင်လေးပျော်ရအောင် ချစ်ရသူနဲ့နီးစပ်ဖို့စွမ်းဆောင်ပေးခဲ့သည်။အခုလိုမောင်လေးပြုံးရွှင်နေတာလေးအား မြတ်နိုးရပါ၏။

မောင့်ပန်းချီ [ 𝐜𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ] Where stories live. Discover now