ဈာန် ဧည့်ခန်းမှာထိုင်နေကာ ထွေးအပေါ်ထပ်ကနေ
ဆင်းလာမည်ကိုစောင့်နေလိုက်သည်။ခဏအကြာ ထွေးကအပေါ်ထပ်ကနေဆင်းလာလေသည်။အင်း ထွေးဆိုတာထက် စောပန်းချီဆိုရင် ပိုမှန်လိမ့်မည်။" ထွေး.. "
ဈာန်ရဲ့ခေါ်သံကြားတော့ စော ချက်ချင်း သူ့အနားသွားလိုက်ကာ...
". ဟုတ် ဘာလို့လဲ... "
". လက်ထပ်တော့မှာဆို... "
". ဟုတ်ပါတယ်... "
". ကောင်လေးနဲ့လား ကောင်မလေးနဲ့လား... "
". ဟမ် ကောင်လေးနဲ့လေ... "ဈာန်မေးခွန်းကြောင့် စော သူ့ကိုပြူးကြောင်ကြောင်လေးကြည့်မိသည်။ကောင်မလေးပါဆိုကောင်လေးနဲယူမှာပေါ့။
". နာမည်ကဘာတဲ့လဲ စောပန်းချီ.. "
စောပန်းချီလို့ခေါ်လိုက်တာမို့ စောလန့်သွားမိသည်။
လန့်လွန်း၍ အသားတွေတဆတ်ဆတ်တုန်လာရသည်အထိပေ။
ဈာန်ကဘယ်လိုလုပ်သိသွားရတာလဲ။" ဘာ ဘာကို.... "
". မင်းကကောင်လေးဆိုတာ သိပြီးပြီ.
ဘယ်အချိန်ထိညာနေအုန်းမှာလဲ... "
". အဲ အဲလို မဟုတ်ပါဘူး အစ်ကိုလေး အဟင့် အစ် အစ်ကို့မှာလည်း အကြောင်းရှိလို့ပါ... "အရင်လိုထွေးငယ်အစား အစ်ကိုလို့သုံးနှုန်းလိုက်တဲ့အခါ
ဈာန်မျက်ခုံးတချက်ပင့်လိုက်သည်။ငိုနေတာမြင်တော့ ကိုယ်ပါငိုချင်မိတာမို့ အခြားသို့မျက်နှာလွှဲလိုက်သည်။". မငိုနဲ့ ကျုပ်ဘာမှမလုပ်ရသေးဘူး... "
". တောင်း တောင်းပန်ပါတယ်... "
". ဘာလို့လဲ ဘာလို့လိမ်ခဲ့တာလဲ... "
". အစ်ကို့အမေ့ကိုဆေးကုပေးရမှာမို့ပါ အဲဒါ... "
". ကျုပ်ကိုကျတော့ရော ချစ်မိသွားတဲ့ကျုပ်ကိုဘယ်လိုလုပ်မလဲ နောက်ကွယ်မှာညာရယ်နေမှာပေါ့နော်... "
". ငါညာမရယ်ပါဘူး မောင်ရယ်... "ဒုတိယအကြိမ် မောင်ဆိုတဲ့နာမ်စားလေးအားခေါ်ခံရပေမဲ့
မပျော်နိုင်ပါ။ရင်ဘတ်ထဲမှာနာတယ်။လှည့်စားရက်လေခြင်းဆိုတဲ့အတွေးနဲ့ တဆစ်ဆစ်နဲ့ကိုနာသည်။" အခုချက်ချင်း ထွက်သွားပါ ကျုပ်ခင်များကိုမမြင်ချင်ဘူး... "
ခါးခါးသီးသီးနှင်လွှတ်နေသူကြောင့် စောမငိုဖို့ထိန်းထားပေမဲ့မရတော့ ပူနွေးနွေးမျက်ရည်စတွေက ပါးပြင်ကိုဖြတ်စီးသွားလေပြီ။
ငါပြောခဲ့သားပဲ အဖြစ်မှန်သိသွားတဲ့နေ့ကျရင် မင်းငါ့ကိုခါးခါးသီးသီးမုန်းသွားမှာပါလို့။မင်းပြောတော့မမုန်းပါဘူးဆို။
YOU ARE READING
မောင့်ပန်းချီ [ 𝐜𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ]
Romance" ကောင်းကင်နဲ့မြေကြီး အဆုံးမရှိသလို မောင့်အချစ်တွေကလည်း အဆုံးမရှိဘူး... " ဈာန်ဒီပါမောင်+စောပန်းချီ ( M - preg ) [ Started date>>>> 3.5.2022 Ended date>>>> 11.7.2022 ]