ရှိန်း၏မေမေတို့သည်အွန်တေးရီးယိုးပြည်နယ် အော့ဝါမြို့တွင် နေထိုင်တာဖြစ်၏။အော့ဝါမြို့သည် ကနေဒါနိုင်ငံ၏အဓိကမြိုတော်ဖြစ်သော်လည်းအကြီးဆုံးမြို့မှာ တိုရွန်တိုမြို့ဖြစ်၏။ရှိန်းမေမေ၏နောက်ယောင်္ကျားသည် အတော်ချမ်းသာဟန်ရှိသည်။ကျယ်ဝန်းလှသည့်ခြံဝန်းကြီးအတွင်းတွင် သုံးထပ်တိုက်ကြီးမှာ ခန့်ညားစွာတည်ရှိ၏။ထို့ပြင် ရေကူးကန်ပါရှိပြီး ပန်းခြံလည်းရှိ၏။
ရှိန်းသည် ဧည့်ခန်းတွင်ခါးကိုမတ်မတ်ထားကာထိုင်နေသည်။သူ၏မေမေသည် သူ့အနားတွင်ထိုင်ကာ သူ့သားမျက်နှာလေးအားပြုံးလျက်မျက်တောင်မခတ်ငေးကြည့်နေသော်လည်း ရှိန်းကမူ မျက်နှာတည်ကြီးဖြင့်သာ ပြန်ကြည့်နေ၏။
" မား ထမင်းစားကြတော့မလား. "
ထိုစဉ် အနားရောက်လာသူမှာ အိုဇန်ဖြစ်၏။အိုဇန်သည်အိုနေး၏အစ်ကိုဖြစ်သည်။သုံးမိနစ်စော၍လူ့ပြည်ကိုအရင်ရောက်ခဲ့သောအစ်ကိုဖြစ်၏။အိုဇန်နဲ့အိုနေး၏ကွာခြားချက်မှာ ဆံပင်ဖြစ်သည်။အိုဇန်ကအဖြူရောင်ဖြစ်ပြီး အိုနေးကအဝါရောင်ဖြစ်သည်။မျက်လုံးအရောင်၊အရပ်ကအစတူသောသူတို့နှစ်ယောက်ကိုဆံပင်နဲ့သာခွဲခြားနိုင်သည်။
". စားမယ်လေ လာ သား ထ.. "
ရှိန်းရဲ့လက်ကိုဆွဲထူကာ ထစေတော့ ရှိန်းချက်ချင်းပင်ထရပ်လိုက်ကာ သူ့မေမေအားပြုံးပြလိုက်၏။
" သားရေချိုးလိုက်အုန်းမယ် မေမေ.. "
". အင်းအင်း သားအခန်းကိုအိုနေးပြပေးလိမ့်မယ်.. "
". ဟုတ်ကဲ့ .. "
အိုဇန်နဲ့မေမေ မီးဖိုခန်းထဲဝင်သွားသောအခါ အိုနေးထွက်လာသည်။ပြန်ရောက်ကတည်းက အဝတ်အစားမလဲရသေးပဲကူနေဟန်တူသည်။အဝတ်အစားတွေက လေယာဉ်ပေါ်မှာဝတ်ထားသောအဝတ်အစားတွေသာဖြစ်သည်။
" လာလေ အစ်ကို့ ကျွန်တော်လိုက်ပြပေးမယ်.. "
". အင်း.. "
အိုနေးကရှေ့ကအရင်သွားနှင့်ပြီး ရှိန်းကသူ့နောက်ကနေလိုက်သွားရသည်။ရှိန်းနေရမည့်အခန်းရှေ့ရောက်တော့ အိုနေးသည် အခန်းတံခါးကိုဖွင့်ပေးလိုက်ကာ ရှိန်းအားပြုံးပြလာသည်။
YOU ARE READING
မောင့်ပန်းချီ [ 𝐜𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ]
Romantizm" ကောင်းကင်နဲ့မြေကြီး အဆုံးမရှိသလို မောင့်အချစ်တွေကလည်း အဆုံးမရှိဘူး... " ဈာန်ဒီပါမောင်+စောပန်းချီ ( M - preg ) [ Started date>>>> 3.5.2022 Ended date>>>> 11.7.2022 ]