Part - 15 ( U )

12.8K 872 1
                                    


ဒီနေ့ စောအမေခွဲစိတ်မှာမို့ လိုအပ်တဲ့ပစ္စည်းတွေကိုဆေးရုံသို့ယူသွားရန် ထည့်နေလေသည်။အမေအတွက် မျက်နှာသုတ်ပုဝါ၊‌သွားတိုက်ဆေး၊သွားတိုက်တံ အစရှိတဲ့တစ်ကိုယ်ကတစ်ကိုယ်ရအသုံးအဆောင်ပစ္စည်းတွေကိုထည့်နေရင်း အမေကလှမ်းခေါ်တာမို့ စော ထိုနေရာမှထကာ အမေ့ဆီ‌အပြေးသွားလိုက်သည်။

".  သားလေးရေ... "
". ဟုတ် မေမေ လာပြီ... "

အမေကအိမ်ရှေ့ကနေအော်ခေါ်တာမို့ စောအိမ်ရှေ့ကိုပြေးသွားလိုက်တော့ ရှိန်းကအမေ့ဘေးနားမှာထိုင်နေကာ အမေနဲ့စကားပြောနေလေသည်။

" ဧည့်သည့်လာလို့ ခေါ်လိုက်တာ .. "
". ဟုတ်... "

စောလည်း အမေ့ဘေးနားမှာဝင်ထိုင်လိုက်ရင်း သူတို့ဘာပြောသလဲနားစွင့်နေလိုက်သည်။

".  သားကတစ်ဦးတည်းသောသားလေးလား.. "
". ဟုတ်တယ်ဗျ အမေ့ဘက်ကတော်တဲ့အစ်ကိုတစ်ယောက်တော့ရှိတယ် ဈာန်ဒီပါမောင်တဲ့စောနဲ့လည်းသိတယ်... "

ဟုတ်လားဆိုတဲ့အမေးနဲ့အမေကသူ့ဘက်ကိုလှည့်ကြည့်တော့ စောခေါင်းငြိမ့်ပြလိုက်မိသည်။စောမျက်နှာချက်ချင်းညှိုးကျသွားတာကိုရှိန်းရိပ်မိလိုက်သည်။အဲဒါကြောင့် စောရယ်လေမလားဆိုကာ သူ့အမေနဲ့ဟာသတွေပြောနေမိသည်။

".  သားလေးကလိမ္မာလိုက်တာ ချောလည်းချောတယ် . "
" မွေးစားပါ့လားဗျ... "
". ဟားဟား မွေးစားပါ့ မွေးစားပါ့ သားကြီးနဲ့သားငယ်နှစ်ယောက်ပေါ့... "

ရှိန်းစနောက်လိုက်တော့ အမေကအားရပါးရထရယ်သည်။
စောလည်းသူ့အမေရယ်တာကိုကြည့်ပြီး သူပါလိုက်ပြုံးမိသည်။
ဒီတော့မှ ရှိန်းကစောပြုံးတာလေးကို အမြတ်တနိုးနဲ့ကြည့်ရင်း ပီတိဖြစ်ရသည်။

" ကဲ အမေဗျ ဆေးရုံသွားဖို့အချိန်ရောက်ပြီမို့ သွားရအောင်ဗျ..."
"ဟုတ်ကဲ့ပါသားလေးရေသွားမယ်ရှင့်... "

ရှိန်းက လက်ကမ်းတော့အမေကသူ့လက်ကိုဆွဲကာ ကောက်ကောက်ပါအောင်လိုက်သွားသည်။ဘယ်သူကသားအရင်းလဲဆိုတာကိုမသဲကွဲတော့။စောလည်းအိမ်ထဲက ပစ္စည်းတွေထည့်ထားတဲ့ခြင်းကိုသွားယူကာ ရှိန်းကားနဲ့ဆေးရုံသို့ထွက်လာခဲ့ကြသည်။

မောင့်ပန်းချီ [ 𝐜𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ] Where stories live. Discover now