Part - 11 ( U )

11.1K 852 3
                                    


ရှိန်းတစ်ယောက် ရုံးခန်းမှာ ထိုင်မရ၊ထမရဖြစ်နေလေသည်။
ထွေးငယ်နဲ့မတွေ့ရတာတစ်ပတ်ကျော်လေပြီ။သွားတွေ့ချင်ပေမဲ့
ဈာန်နဲ့တွေ့မှာလည်းစိုးရိမ်သည်။ငါ့အိမ်မလာခဲ့နဲ့လို့နှင်ထုတ်ထားတာမို့ သွားဖို့မရဲပါ။သို့သော်လည်း တွေ့ချင်စိတ်ကပြင်းပြနေသည်မို့ ကြီးမြကိုအကူအညီတောင်းဖို့သာ ပြင်ရတော့သည်။
ရှိန်းကြီးမြဆီဖုန်းဆက်လိုက်ပြီး အကူအညီလှမ်းတောင်းလိုက်တော့ အဆင်ပြေတာမို့ ကားသော့ကိုယူကာ ကြီးမြသွားခိုင်းတဲ့နေရာဆီ ထွက်လာခဲ့လိုက်သည်။
ထွေးငယ်ကဈေးသွားရင်း သူ့အိမ်ခဏဝင်မှာဟုပြောသွားတာမို့ ကြီးမြက သူ့အိမ်ကိုလိုက်သွားခိုင်းလိုက်တာဖြစ်သည်။လိပ်စာအတိအကျမသိပေမဲ့ ကြီးမြကလမ်းကိုပြောလိုက်သည်မို့ ရှိန်းမှန်းရမ်း၍သာ ထိုလမ်းကြားထဲဝင်လာခဲ့သည်။

ထိုစဉ် အိမ်တစ်အိမ်ထဲမှထွက်လာတဲ့ ထွေးငယ်ကိုတွေ့တာမို့ ရှိန်းပျော်သွားပြီး ကားရပ်ကာ ဆင်းခေါ်မည်အပြု ထွေးငယ်အဝတ်အစားတွေကြောင့် ကြောင်အ,သွားသည်။ထွေးငယ်က
ရှပ်အပြာလေးနဲ့နီညိုရောင်ပုဆိုးလေးကိုတွဲဝတ်ထားတာဖြစ်သည်။ဆံပင်ကိုအရင်လိုကျစ်ဆံမြီးကျစ်ချထားတာမဟုတ်ပဲ နောက်ပြန်လှမ်းသိမ်းကာဆံထုံးထုံးထားသည်။
ရှိန်းကားပေါ်ကနေမဆင်းပဲ ထွေးငယ်ကိုပဲသေချာကြည့်နေမိသည်။ထွေးငယ်ကသူ့ကားကိုကျော်သွားတော့ ကားမှန်ကိုနေလှမ်းကြည့်နေလိုက်ပြီး ကားကိုဖြည်းဖြည်းချင်းမောင်းကာ
သူ့နောက်ကနေ မသိမသာလိုက်သွားလိုက်သည်။

ထွေးငယ်ကဘာလဲ ?

" ဟ အဲဒါ မိန်းမလိုလိုယောင်္ကျားလိုလိုကောင် စောပန်းချီမလား.. "

စော သူ့နောက်က ကောင်လေးတသိုက်ဆီကကြားလိုက်ရတဲ့အသံကြောင့် ခြေလှမ်းတို့ခဏရပ်တန့်သွားသည်။ပြီးတော့ ခြေလှမ်းကိုသွက်သွက်လျှောက်ကာ အန်တီထွေးအိမ်ဆီသို့ဦးတည်လိုက်သည်။

" ဟေ့ကောင် စောပန်းချီ ခေါ်နေတာမကြားဘူးလား... "

စော သူတို့ရဲ့အော်ခေါ်သံကြားတော့ နောက်ပြန်လှည့်ကြည့်လိုက်သည်။လှည့်မကြည့်ပဲမသိချင်ဆောင်လိုက်ရင်ပြသာနာပိုကြီးမှာဆိုး၍ ကြည့်လိုက်ရခြင်းဖြစ်သည်။သူတို့ကစောနဲ့ ငယ်ငယ်တုန်းကကျောင်းတက်ဖော်တွေဆိုပေမဲ့ စောကိုအမြဲအနိုင်ကျင့်ခဲ့ကြတဲ့လူသုံးယောက်။စောခေါင်းငုံ့ထားနေရင်းမှ...

မောင့်ပန်းချီ [ 𝐜𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ] Where stories live. Discover now