Part - 23 ( U ) ⚠️🚫

16.1K 663 31
                                    


[ Warning 🚫 ]
( A /N : မဖတ်ပဲကျော်သွားလဲရပါတယ်။ဒီအပိုင်းမဖတ်တာနဲ့ဇာတ်ရည်မလည်တော့တာမျိုးဖြစ်မှာမဟုတ်ပါဘူး။Warningအခန်းသက်သက်ထားပေးထားတာမို့ ကျော်သွားလည်းရပါတယ် )

ဈာန်ကစောကိုသူ့အိမ်မပြန်စေပဲ ဈာန့်အိမ်မှာသာလိုက်နေခိုင်းသည်။‌စောအိမ်မှာကစောတစ်ယောက်တည်းမို့စိတ်မချပေ။‌ စောကကိုယ့်ဘာသာစောင့်ရှောက်နိုင်တယ်ဆိုပေမဲ့လည်း သူကိုယ်တိုင်ကကိုမျက်စိအောက်ကအပျောက်မခံနိုင်သောကြောင့်ဖြစ်သည်။စောသူ့‌အိမ်လိုက်နေတော့လည်း အခန်းသက်သက်မှာမနေခိုင်းပေ။သူ့အခန်းထဲမှာသာနေခိုင်းသည်။

".  ရေချိုးပြီးပြီလား.. "

ဈာန်ကအခုမှရုံးကပြန်ရောက်တာဖြစ်ပြီး ‌ဈာန်ရဲ့အဝတ်ဗီရိုကိုရှင်းပေးနေသည့်စောအနားလေးသွားပြီး အနောက်ကနေသိုင်းဖက်ကာ မေးလိုက်ခြင်းဖြစ်သည်။

" မချိုးရသေးဘူး ညအိပ်ခါနီးမှချိုးရင်ကောင်းမလားလို့.. "
". အဲဆို တူတူချိုးရအောင်.. "

စောမျက်လုံးပြူးသွားသည်။ဈာန့်ကိုနောက်ပြန်လှည့်ကြည့်လိုက်ပြီး ခေါင်းရမ်းပြလိုက်သည်။

". ဘာလို့လဲ ရေလည်းအကုန်သက်သာတယ် အချိန်လည်းအကုန်သက်သာတယ်.. "
". ဟင် မချိုးချင်ပါဘူး.. "

ဈာန် စောကိုယ်လေးကိုဆွဲလှည့်ပြီး သူ့မျက်နှာကိုတည့်တည့်ကြည့်စေလိုက်သည်။ပြီးတော့ စောနားလေးကိုကပ်ပြီးတိုးတိုးပြောလိုက်သည်။

" ဘာလဲ တခုခုလုပ်မှာကြောက်လို့လား.. "

စောမျက်နှာကချက်ချင်းနီရဲတက်လာသည်။အသားဖြူသူမို့ ခရမ်းချဉ်သီးလေးပမာနီရဲနေသည်။

" ဘာ ဘာကို ကြောက် ကြောက်ရမှာလဲ.. "

‌စကားတွေပင် ထစ်ထစ်အအဖြစ်ရလေသည်။ဈာန်ကတော့စောရဲ့ဒီပုံစံလေးကိုကြည့်ကာ အသံတိတ်ညာရယ်နေလေသည်။

" မောင်နော် မရယ်နဲ့ ဘာရယ်တာလဲ.. "

စော ဈာန်ရဲ့ဗိုက်သားကိုအားပါပါနဲ့ဆွဲလိမ်ပစ်မှ ဈာန်ကရယ်တာကိုရပ်ပြီး ဗိုက်လေးပွတ်ကာရှုတ်မဲ့မဲ့မျက်နှာ‌ထားလေးနဲ့ စောကိုကြည့်နေလေသည်။

မောင့်ပန်းချီ [ 𝐜𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ] Where stories live. Discover now