Part - 28 ( U )

8.6K 542 9
                                    


ကွေ့ကောက်ပွေလီသည့်တောင်ပတ်လမ်းတွေကိုမောင်းနှင်ပြီးသည့်နောက် ဆိုက်ရောက်လိုရာရှမ်းပြည်သို့ရောက်လာခဲ့လေပြီ။
ရှမ်းပြည်ရဲ့ရွာငယ်လေးတစ်ရွာမှာ နိုင်ကမ္ဘာရှိသည်ဟုသတင်းအတိအကျရထားသည်မို့ ရှိန်းတို့လိုက်လာခဲ့ကြတာဖြစ်သည်။

" ဘယ်အိမ်မှာရှိလောက်လဲ "

" သူကြီးကိုမေးရင်သိလောက်တယ် ဧည့်သည့်တွေလာရင်သူကြီးကိုအသိပေးရတယ် "

ရှိန်းရဲ့အမေးကိုရဲမှုးကြီးကဖြေပြီး ရှေ့ကနေအရင်သွားနှင့်ကာသူကြီးအိမ်သို့ဝင်သွားလေသည်။ထို့နောက် သူကြီးအိမ်ရှေ့မှာချပေးထားသည့် ခုံတန်းလျားမှာ သူတို့လေးယောက်ဝင်ထိုင်လိုက်ကြသည်။ရဲမှုးကြီးနဲ့သူတပည့်နှစ်ယောက်က ရှိန်းနဲ့မျက်နှာချင်းဆိုင်တန်းလျားမှာထိုင်ပြီး ရှိန်းတစ်ယောက်တည်းတစ်ခုံသက်သက်ကွဲနေသည်။

ခဏအကြာ သူကြီးဆိုသူကအိမ်ပေါ်ကနေတဖြည်းဖြည်းဆင်းလာလေသည်။အသက်ခုနှစ်ဆယ်ကျော်လောက်ရှိမည့်အဘိုးတစ်ယောက်ဖြစ်တာမို့ ဒုတ်ကောက်ကိုအားပြုကာထောက်ရင်း လှေကားထစ်ကနေဖြည်းဖြည်းချင်းဆင်းလာလေသည်။

" အေး မောင်ရင်တို့က ဘယ်သူတွေတုန်း.. "

". ဟုတ်ကဲ့ကျွန်တော်တို့က ရန်ကုန်မြို့ကရဲတွေပါ ဒီမှာတရားခံတစ်ယောက်နေနေတယ်ဆိုလို့လာဖမ်းတာပါအဲဒါဒီရွာကိုဧည့်သည့်လာသေးတယ်မလားဟင်.. "

". အေးလာတော့လာတယ် ကောင်လေးသုံးယောက် တစ်ယောက်ကတော့အတော်ချမ်းသာပုံပဲ သားသားနားနားဝတ်စားထားတယ်ကွ.. "

". ဟုတ်ကဲ့ သူတို့ဘယ်မှာနေကြလဲသိလားသူကြီး.. "

". နန်းစိန်တို့အိမ်မှာကွ နန်းစိန်တို့အိမ်ကအခုငါ့အိမ်ရှေ့လမ်းကနေတည့်တည့်သွား ပြီးတော့ညာဘက်ကိုကွေ့တဲ့လမ်းလေးကိုကွေ့လိုက် လမ်းအရှေ့ဘက်ခြမ်းက သုံးအိမ်မြောက် တစ်ထပ်တိုက်လေးပဲကွ.. "

". ဟုတ်ကဲ့ကျေးဇူးပါ သူကြီး.. "

". အေးအေး .. ".

ရှိန်းတို့လေးယောက် သူကြီးပြောသည့်အတိုင်းထွက်လာတော့ အဖြူရောင်တစ်ထပ်တိုက်လေးကိုတွေ့ရသည်။ချက်ချင်းတန်းမဝင်သေးပဲ  အရိပ်အကဲကြည့်နေလိုက်တော့ အိမ်မြောက်ဘက်ရေအုတ်ကန်ဘေးမှာ အဝတ်လျှော်နေသည့် ရှမ်းတိုင်းရင်းသားကောင်လေးကို ဘေးမှာမေးထောက်ကြီးငေးနေသည့်နိုင်ကမ္ဘာကိုတွေ့ရလေသည်။

မောင့်ပန်းချီ [ 𝐜𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ] Where stories live. Discover now