{ ကနေဒါ၏ နိုင်ငံတော် ပြယုဂ် သည် သဘာဝ၊ သမိုင်းကြောင်းနှင့် ရှေးဦးနေထိုင်သူတို့၏ လွှမ်းမိုးမှုများ ပါဝင်သည်။ မေပယ်လ်ရွက်ကို ကနေဒါနိုင်ငံ၏ ပြယုဂ် အဖြစ် အသုံးပြုခြင်းမှာ ၁၈ ရာစု အစောပိုင်းမှ စတင်ခဲ့သည်။ မေပယ်လ်ရွက်ကို ယခု လက်ရှိနှင့် ယခင် ကနေဒါ အလံတို့ အပြင် ကနေဒါ၏ အမှတ်တံဆိပ် တို့တွင် အသုံးပြု ထားသည်။အခြား ထင်ရှားသော ပြယုဂ်များမှာ ဘီဗာဖျံ၊ ကနေဒါ ငန်း၊ ရေဝမ်းဘဲ၊ သရဖူ၊ တော်ဝင် ကနေဒါ မြင်းစီး ပုလိပ် နှင့် လတ်တလောတွင် တိုတန်ပိုးလ် ခေါ် ကိုယ်စားပြု အရုပ်များ ချယ်သထားရာ တိုင် နှင့် အိနွတ်ဆွတ် ရုပ်တုတို့ ဖြစ်ကြသည်။ကနေဒါ နိုင်ငံသုံး ငွေအကြွေစေ့များတွင် ထို အမှတ်အသားများကို ရိုက်နှိပ်ထားပြီး တစ်ဒေါ်လာ အကြွေစေ့တွင် ရေဝမ်းဘဲ ပုံကို လည်းကောင်း၊ ၅၀ ဆင့် အကြွေစေ့တွင် ကနေဒါနိုင်ငံ၏ အမှတ်တံဆိပ်ကို လည်းကောင်း၊ နစ်ကယ် အကြွေစေ့တွင် ဘီဗာဖျံ ပုံကို လည်းကောင်းရိုက်နှိပ်ထားပြီး မေပယ်လ်ရွက်ပုံ ရိုက်နှိပ်ထားသော ပဲနိစေ့ကို ၂၀၁၃ တွင် သုံးစွဲခြင်းမှ ရပ်တန့်ခဲ့သည်။ကနေဒါနိုင်ငံသည် မြောက်အမေရိကတိုက် မြောက်ဘက်ပိုင်းရှိ ပြည်နယ် ၁၀ ခုနှင့် နယ်မြေ ၃ ခု ပါဝင်သော နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။
အတ္တလန္တိတ် သမုဒ္ဒရာ နှင့် ပစိဖိတ် သမုဒ္ဒရာတို့မှတဆင့် မြောက်ဘက် အာတိတ်သမုဒ္ဒရာ အထိ ကျယ်ဝန်းပြီး စတုရန်းမိုင်ပေါင်း ၃.၈၅ သန်း (စတုရန်းကီလိုမီတာ ၉.၉၈ သန်း) မျှ ကျယ်ဝန်းသည်။ စုစုပေါင်း ဧရိယာအားဖြင့် ဒုတိယမြောက် အကြီးဆုံးနိုင်ငံဖြစ်ပြီး ကုန်းမြေဧရိယာအားဖြင့် ကမ္ဘာပေါ်တွင် စတုတ္တမြောက် အကြီးဆုံး နိုင်ငံ ဖြစ်သည်။ ကနေဒါနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့၏ နယ်စပ်မှာ ကမ္ဘာပေါ်တွင် အရှည်လျားဆုံးသော ကုန်းမြေ နယ်နိမိတ်မျဉ်း ဖြစ်သည်။ }
ရှိန်းသည် သူ့မေမေ၏နောက်အမျိုးသားစာကြည့်ခန်းထဲတွင် စာအုပ်များဖြင့် သာယာနေသည်။ဒီကိုရောက်တာတစ်ပတ်ရှိပြီဖြစ်သော်လည်း အိမ်ထဲကအိမ်ပြင်ပင်မထွက်ပေ။ပျင်းလာရင် အိုနေးနဲ့တူတူမြို့ပြင်ကိုကားပတ်စီးကြတာကလွဲရင်ကျန်တာမလုပ်ဖြစ်။ရှိန်းသည် ကနေဒါကို ဒုတိယအကြိမ်ရောက်ဖူးတာမို့ နာမည်ကြီးသည့်နေရာတွေကိုသိရှိပြီးသားပေ။ထို့ကြောင့် အထူးတလည် လည်ပတ်မနေပဲ သူ့မေမေဖြင့်သာ အိမ်မှာနေ၏။
YOU ARE READING
မောင့်ပန်းချီ [ 𝐜𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ]
Romance" ကောင်းကင်နဲ့မြေကြီး အဆုံးမရှိသလို မောင့်အချစ်တွေကလည်း အဆုံးမရှိဘူး... " ဈာန်ဒီပါမောင်+စောပန်းချီ ( M - preg ) [ Started date>>>> 3.5.2022 Ended date>>>> 11.7.2022 ]