Part - 30 ( U )

8.9K 547 5
                                    


ဈာန်လည်းဆေးရုံကဆင်းပြီဖြစ်ကာ၊နိုင်ကမ္ဘာရဲ့ကိစ္စကလည်းပြီးပြီမို့ ရှိန်းရုံးမှာသာအခြေကျနေသည်။ရုံးတွင်လည်းအစည်းအဝေးကမရှိသည်မို့ အားနေသည်။ထို့ကြောင့် သူ့၏အမေဆီဖုန်းလှမ်းဆက်မိသည်။တီဆိုသည့်အသံလေးနောက် ဖုန်းကချက်ချင်းဖြေကြားခြင်းမရှိသော်လည်း ခေတ္တမျှအကြာကိုင်လေသည်။

" Hello . "

ကြည်လင်နေသည့်အသံနဲ့ဗိုလ်ဆန်ဆန်ထွက်ပေါ်လာသောစကား။ရှိုင်းကြောင်အ,သွားသည်။အသံအားဖြင့်အသက်ငယ်ငယ်ကောင်လေးတစ်ယောက်၏အသံဖြစ်သည်။မေမေ၏ဖုန်းကိုထိုကောင်လေးကဘာကြောင့်ကိုင်သည်နည်း။

" အမေရောဟင်.. "

". Hmm .. "

" ဒေါ်သိင်္ဂီနွေးဖုန်းမဟုတ်ဘူးလားဟင်.. "

". What are you talking about? "

တစ်ဖက်ကပြောလာသည့်စကားကြောင့် ရှိန်းဆွံ့အသွားပြန်သည်။မြန်မာစကားကိုနားမလည်သည့်ကနေဒါနိုင်ငံသားတစ်ယောက်ဖြစ်မည်။ဟုတ်မည်။ကနေဒါမှာနေနေတဲ့မေမေဘေးမှာ မြန်မာနိုင်ငံသားတွေဘယ်ရှိပါ့မလဲ။ရှိန်းတွေဝေနေစဉ် ဘေးမှ သူ့အမေ၏အသံကိုတစွန်းတစကြားလိုက်ရသည်။ရှိန်းဘာမှမပြောပဲ ထိုကောင်လေးမေမေ့ကိုဖုန်းပေးမည့်အချိန်ကိုသာစောင့်နေလိုက်တော့သည်။

" ဟယ်လို. "

". မေမေသားပါ.. "

". အင်းသိတယ် သား မေမေခုနကအစည်းအဝေးခန်းထဲမှာမို့
အိုဇန်ကကိုင်ပေးလိုက်တာ သူကလည်းမြန်မာစကားနားလည်ရဲ့နဲ့မြန်မာလိုပြန်မပြောဘူး သားကလည်းအင်္ဂလိပ်လိုပြောတတ်ရဲ့သားနဲ့ မပြောဘူး သားနှစ်ယောက်နဲ့တော့ရူးချင်ပါတယ်ကွယ်. "

သားနှစ်ယောက်။ထိုစကားအကြားတွင်ရှိန်းတစ်ကိုယ်လုံးတောင့်တင်းသွားသည်။တစ်ဖက်ကမေမေသည်ရယ်မောလျက်ပြောနေပေမဲ့ ဘာတွေပြောနေသလဲသူမသိတော့။ကြားလည်းမကြားတော့ သူခေါင်းတစ်ခုလုံးထူပူသွားသည်။ဟုတ်ပါသည်။ဒီဆယ်နှစ်ကျော်ကာလအတွင်း‌ မေမေတစ်ယောက်တည်းရှိနေဖို့ဆိုတာဖြစ်မှမဖြစ်နိုင်ပဲ။ဒါဆို ဒီကောင်လေးကသူရဲ့အမေတူအဖေကွဲညီပေါ့။

မောင့်ပန်းချီ [ 𝐜𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ] Where stories live. Discover now