ကလပ်အတွင်း တေးသီချင်းသံတွေက ဆူညံနေသည်။နိုင်ကမ္ဘာတစ်ယောက်ကလပ်ထဲဝင်လာသည်နဲ့သူ၏တပည့်များကသူ့ဆီအပြေးလာပြီး အနားမှာဝန်းရံကြသည်။နိုင်ကမ္ဘာကတောက်တခေါက်ခေါက်နဲ့ဒေါသထွက်နေပြီး မျက်နှာမှာမာထန်နေသည်။သူတို့ရဲ့နားနေခန်းဖြစ်တဲ့ကလပ်ရဲ့ထောင့်အခန်းလေးထဲကိုဝင်လာခဲ့ပြီး အထဲမှာရှိနေတဲ့မိန်းကလေးများကိုမောင်းထုတ်ပစ်သည်။
" ဘာဖြစ်လာတာလဲ ဘော့စ်... "
". ဘာဖြစ်ရမှာလဲကွာ ဟိုကောင်ဈာန်ဒီပါမောင်ပေါ့... "နိုင်ကမ္ဘာ ဆိုဖာပေါ်ကိုစိတ်ပျက်လက်ပျက်ပစ်ထိုင်လိုက်ပြီး စားပွဲပေါ်ကိုခြေထောက်ဆန့်တင်လိုက်သည်။သူ့ဘေးနားကသူ့ရဲ့လက်ထောက်ကဆေးလိပ်တစ်လိပ်ကိုယူလာပြီး နိုင်ကမ္ဘာပါးစပ်မှာထည့်ပေးလိုက်သည်။ပြီးတော့မီးခြစ်နဲ့မီးညှိပေးလိုက်တော့ မျက်လုံးကိုစုံမှိတ်ကာ ဇိမ်ပြေနပြေနဲ့သောက်နေလေသည်။
" ငါသွားတွေ့တာကိုအတွေ့မခံဘူး ကျစ်.. "
စုတ်တချက်သတ်လိုက်တော့ ပါးစပ်ထဲကဆေးလိပ်ငွေ့တွေကဖွာခနဲထွက်လာသည်။
ဈာန့်ကုမ္ပဏီရဲ့ရှယ်ယာဆယ်ရာခိုင်နှုန်းကနိုင်ကမ္ဘာတို့အတွက်ပေးထားတာဖြစ်သည်။ဈာန်တို့ရဲ့အဖေကသူ့ညီမအတွက်အမွေခွဲပေးသွားခြင်းပေ။သို့သော်နိုင်ကမ္ဘာတို့ကထိုမျှလောက်ပမာဏနဲ့ရောင့်ရဲခြင်းမရှိ။သုံးဆယ်ရာခိုင်နှုန်းပေးရန်တောင်းဆိုသည်။ကလျာကပေးလိုက်ဖို့ပြောသော်လည်း ဈာန်ကလုံးဝသဘောမတူပေ။
ဒီနေ့နိုင်ကမ္ဘာကသူပိုင်တဲ့ရှယ်ယာဆယ်ရာခိုင်းနှုန်းကိုထုတ်ပေးရန်ပြောဖို့ဈာန့်ကိုသွားတွေ့သော်လည်း ဈာန်ကသူ့ကိုလာမတွေ့ပေ။နိုင်ကမ္ဘာကအသောက်အစားအပျော်အပါးမက်တာမို့ငွေအသုံးကြမ်းသည်။အခုရက်ပိုင်းကလပ်ကလည်းငွေသိပ်မဝင်သည့်အပြင် အရှုံးပါပေါ်နေသည်မို့နိုင်ကမ္ဘာအရင်လိုလက်ဖွာလို့မရတော့ပေ။အမေဖြစ်သူကလည်းငွေထုတ်မပေးတာမို့နောက်ဆုံးရှယ်ယာတွေသွားထုတ်ဖို့သာကြံရတော့သည်။သို့သော်လည်းဈာန်ကထုတ်ပေးဖို့နေနေသာသာလာတောင်မတွေ့တာမို့နိုင်ကမ္ဘာဒေါသမီးတောက်ရသည်။
YOU ARE READING
မောင့်ပန်းချီ [ 𝐜𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ]
Romance" ကောင်းကင်နဲ့မြေကြီး အဆုံးမရှိသလို မောင့်အချစ်တွေကလည်း အဆုံးမရှိဘူး... " ဈာန်ဒီပါမောင်+စောပန်းချီ ( M - preg ) [ Started date>>>> 3.5.2022 Ended date>>>> 11.7.2022 ]