အိပ်ယာအသစ်မှာ ကောင်းကောင်းအိမ်မပျော်သည်မို့
စောမနက်အစောကတည်းကထကာ မီးဖိုထဲမှာကူလူပ်ပေးနေလိုက်သည်။ရှည်လျားတဲ့သူရဲ့ဆံပင်ကိုနှစ်ဖက်ခွဲပြီးကျစ်ဆံမြီးကျစ်ချထားကာ အန်တီထွေးပေးလိုက်တဲ့ ရင်ဖုံနဲ့၊ထဘီကိုဝတ်ဆင်ထားသည်။
မိန်းကလေးအဝတ်အစားတွေဝတ်နေရတာ စိတ်အနှောင့်အယှက်ဖြစ်ပေမဲ့ အမေ့အတွက်ဆေးဖိုးရမှဖြစ်မယ်ဆိုတဲ့အတွေးကိုအကုန်လုံးကိုကျိတ်မှိတ်သည်းခံထားသည်။အချိန်မှီသာ မခွဲစိတ်နိုင်ရင် အသက်အန္တရာယ်ရှိတယ်ဆိုတဲ့ဆရာဝန်ရဲ့စကားက စောခေါင်းထဲမှာ
ကမ္ပည်းထွင်းထားလိုက်သလိိုမျိုး။သွားလည်းဒီစိတ်၊
စားလည်းဒီစိတ်ဖြစ်နေရသည်။စောကစာလည်းမတတ်သည့်အပြင်၊အလုပ်ကြမ်းလည်းမလုပ်နိုင်တော့ စောအတွက်အလုပ်ဆိုတာ တော်တော်ကိုရှားသည်။အရင်ကလုပ်ခဲ့တဲ့ လမ်းထိပ်ကဆေးဆိုင်လေးမှာတောင် ဘေးကအကူအနေနဲ့လုပ်ပေးရုံသက်သက်။မဖြစ်စလောက်စလစာဆိုပေမဲ့ လုံးဝဝင်ငွေမရှိတာထက်စာရင်တော်သေးတယ်ဟု၍ လုပ်ခဲ့တာဖြစ်သည်။အခုအန်တီထွေးရှာပေးထားတဲ့ကလေးထိန်းအလုပ်ရဲ့လစာက
အမေ့အတွက်ဆေးဖိုးလုံလုံလောက်လောက်ရမည်ဖြစ်တာမို့ စောလာလုပ်ခြင်းဖြစ်သည်။အမေ့ကိုတစ်ခါမှမညာဖူးပေမဲ့ ဒီတစ်ခါတော့ သူညာခဲ့သည်။အဓိကက အမေနဲ့အချိန်အကြာကြီးတူတူနေသွားချင်တဲ့ ဆန္ဒလေးကြောင့်ပါ။" အယ် ထွေးငယ် ဒီမှာဘာဝင်လုပ်နေတာလဲ... "
". ဟင်... ဟို မမလေး ဒီမှာကူပေးနေတာပါ... "
". ထွေးငယ်ကတော့လေ ဒီမှာလုပ်ပေးစရာမလိုဘူး
ကလေးကိုပဲထိန်းပေးရင်ရပြီ... ."အလှတွေပြင်ဆင်ထားတဲ့အိမ်ပိုင်ရှင် မမလေးဆိုသူက
ပိုက်ဆံအိတ်ကိုလက်မှာဆွဲရင်း စောကိုပြုံးပြုံးလေးနဲ့ပြောနေ၏။". မောင်လေးနိုးလာရင် သံပရာရည်လေးပြင်ပေးလိုက်ပါအုန်း
သူညကလူမှန်းသူမှန်းမသိအောင်မူးထားတာ... "မမလေးက အိမ်အကူ ဒေါ်လေးမြကို သူ့မောင်အတွက်သံပရာရည်ဖျော်ပေးဖို့မှာကြားပြီး စောဘက်ကိုလှည့်ကြည့်လာသည်။
စောကတော့ တောင့်တောင့်ကြီးရပ်ရင်း အကုန်လုံးကိုလိုက်ငေးကြည့်နေသည်။
YOU ARE READING
မောင့်ပန်းချီ [ 𝐜𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ]
Romance" ကောင်းကင်နဲ့မြေကြီး အဆုံးမရှိသလို မောင့်အချစ်တွေကလည်း အဆုံးမရှိဘူး... " ဈာန်ဒီပါမောင်+စောပန်းချီ ( M - preg ) [ Started date>>>> 3.5.2022 Ended date>>>> 11.7.2022 ]