Although the trip was rough
🌺(7)🌺
[အော့ရွှမ်]နောက်ဆုံးတော့လည်း မြွေနဲ့ သခင်မ၉မှာ သခင်မ၉က ပိုကြောက်စရာကောင်းကြောင်း ပြန်စဥ်းစားမိကာ တောလမ်းကိုသာ ရွေးချယ်လိုက်တော့သည်။ တောလမ်းဆိုသော်လည်း ချုံနွယ်ပိတ်ပေါင်းတွေ မရှိချေ။
သစ်ပင်ကြီးတွေနဲ့ သစ်ရွက်ခြောက်တွေသာ တစ်တောလုံးပြည့်နေသည်။ နေရောင်ကလည်း ထိုးနေတော့ ပတ်ဝန်းကျင်ကိုလည်း ရှင်းရှင်းလင်းလင်း မြင်နေရလို့ ရွှယ်နမ် သိပ်မကြောက်တော့ပေ။
"ရှို့ကော.... ကျွန်တော် အခြေတည်အဆင့်ရောက်လာတော့ ခန္ဓာကိုယ်က နည်းနည်း ပိုပြီးတော့ နေလို့ကောင်းလာတယ်သိလား"
ရှင်းလန်ရှို့ ပြုံးလိုက်သည်။
"ကျင့်ကြံတဲ့လူတွေက ကျင့်ကြံရေးအထောက်အပံ့ ဝိညာဥ်ပစ္စည်းတွေကို ရွေးချယ်တဲ့အခါ ကိုယ့်ဒြပ်စင်နဲ့ သင့်တော်တာကို ရှာကြရတယ်....အခုနောက်ပိုင်း အစွမ်းထက်တဲ့ သိဒ္ဓိကျောက်တွေကလည်း မရှိတော့ဘူး သိဒ္ဓိကျောက်နဲ့သာဆိုရင် ဘယ်သူမဆို ကောင်းကောင်း လေ့ကျင့်လို့ရတယ်"
"လူဦးရေက အမြဲတမ်းတိုးနေတာလေ... သိဒ္ဓိကျောက်တွေလည်း ဘယ်ခံနိုင်တော့လဲ သူတို့လည်း တဖြည်းဖြည်း ရှားပါးပစ္စည်းတွေ ဖြစ်လာပြီပေါ့"
"အင်း....မင်းအတွက်က အားပြင်းတဲ့ ဝိညာဥ်ပစ္စည်းတွေ မသုံးရဘူး.... အားပျော့ပြီး နူးညံ့တာတွေကပဲ ကုသရေးဒြပ်စင်နဲ့ သင့်တော်တာ"
"ဟုတ်... ကျွန်တော် မှတ်ထားပါ့မယ်"
ရွှယ်နမ် ရုတ်တရက် ခြေလှမ်းတွေကို ရပ်ပစ်လိုက်သည်။
"ဘာဖြစ်လို့လဲ"
"ရှို့ကော အရှေ့မှာ လူတစ်ယောက် လဲနေတယ်...."
ရှင်းလန်ရှို့ နားစွင့်ကြည့်ပေမယ့် တစ်ဖက်လူဆီက ဘာလှုပ်ရှားသံမှ ထွက်မလာဘူး။ ရှင်းလန်ရှို့ သွေးညှီနံ့ နည်းနည်း ရ၏။
"သူ ဒဏ်ရာရထားတာထင်တယ်"
"ကျွန်တော် သွားကြည့်လိုက်မယ်"
ရွှယ်နမ် ပြေးကြည့်လိုက်တော့ တကယ်ပဲ ထိုလူသည် ဓားဒဏ်ရာတွေနဲ့ သတိလစ်နေတာကို တွေ့လိုက်ရသည်။
YOU ARE READING
Although the trip was rough (Completed)