Although the trip was rough
(42)
[နောက်ယောင်ခံလိုက်လာသူ]အချိန်ယူပြီးနောက် ရွှယ်နမ်သည် ရှင်းလန်ရှို့က သူ့အပိုင်ပဲဆိုတာကို ကျေကျေနပ်နပ်ကြီး လက်ခံလိုက်သည်။ ထို့နောက် ရေချိုးဖို့အတွက် ရေချိုးခန်းထဲ ပြေးဝင်သွားသည်။
သူအဝတ်တွေအားလုံးချွတ်ပြီး ရေဇလုံထဲ ဝင်စိမ်လိုက်၏။ သူရေချိုးနေတုန်း အခန်းအပြင်ဘက်မှ မူမမှန်သော လှုပ်ရှားမှုတစ်ခုကို ခံစားမိလိုက်လေသည်။ နောက်ပြီး သူရင်းနှီးနေတဲ့ အငွေ့အသက်။
ရွှယ်နမ် အလောတကြီးနဲ့ ရေဇလုံဘေးရှိ တန်းပေါ်ကဝတ်ရုံကို ဒီအတိုင်းခြုံကာ အပြင်ကို ပြေးထွက်လာခဲ့သည်။
"ရှို့ကော ကျွန်တော်.... "
ရွှေကြိုးတစ်ချောင်းသည် သူ့ခါးကို လာရစ်သည်။ ရုတ်တရက် စောင့်ဆွဲခံလိုက်ရတော့ ရွှယ်နမ် ပုံပျက်ပန်းပျက်နဲ့ ပါသွားလေ၏။ ရှင်းလန်ရှို့သည် သူရေချိုးခန်းထဲကို ဝင်သွားတဲ့ အချိန်ကအတိုင်း လက်ဖက်ရည်စားပွဲမှာ ထိုင်နေဆဲ။
ရွှယ်နမ်သည် သူ့ပေါင်ပေါ်မှာ ထိုင်လျက် ရင်ခွင်ထဲတွင် မြုပ်နေသည်။ သူရေချိုးနေရင်း အလျင်စလို ထွက်လာရတာကြောင့် အဝတ်မဝတ်ထားရဘူး။ ဝတ်ရုံကိုဒီအတိုင်း ကိုယ်လုံး လုံရုံသာဖုံးထားမိသည်။
အခုတော့ သူ့ရဲ့ဒူးကနေ ခြေဖျားအထိ ဖြူဖွေးတဲ့ အသားအရေက ပေါ်ထွက်နေပြီး ရှင်းလန်ရှို့လက်မောင်းကြားထဲတွင် ငြိမ်ငြိမ်ကုပ်ကုပ်ကလေး ဖြစ်နေသည်။
"ရှို့ ရှို့ကော...."
သူ့ခန္ဓာကိုယ်မှာ လုံလုံခြုံခြုံ မဝတ်ထားရသေးဘူးဆိုတဲ့ အသိက တစ်ကိုယ်လုံးကို ရှက်သွေးဖြာလာစေသည်။ သူထွက်ပြေးချင်ပေမယ့် ခြေထောက်တွေကို ဖုံးချင်ပေမယ့် နည်းနည်းလေးတောင် မလှုပ်ရှားရဲဘူးဖြစ်နေသည်။
ခဏကြာတော့ သူတို့အခန်းအပြင်ဘက်မှာ ရှိနေတဲ့ အရိပ်တွေ ပျောက်ကွယ်သွားသည်။
ရှင်းလန်ရှို့ - "သူတို့သွားပြီ...."
အပြင်ဘက်က အရိပ်တွေက ရွှယ်နမ်နောက်ကို လိုက်လာတဲ့သူတွေ။ တစ်စုံတစ်ယောက်က ရွှယ်နမ်ကို အန္တရာယ်ပြုမှာ စိုးရိမ်တာကြောင့် သူအမြန်လုပ်လိုက်တာ။ အခုတော့ ကောင်လေးက မျက်နှာနီနီလေးနဲ့ သူ့ကိုမော့ကြည့်နေပြီ။
YOU ARE READING
Although the trip was rough (Completed)