🌺EP (58)🌺ပြဿနာများ

1.2K 165 0
                                    

Although the trip was rough

🌺(58)🌺
[ပြဿနာများ]

မော့ယွီပင်း သစ်သားယုန်ရုပ်ကလေးကို တွေ့သောအခါ အံဩသွားလေ၏။ အဲဒီသစ်သား ယုန်ရုပ်ကလေးက သူအသက်၆နှစ်လောက်မှာ သူ့ဘာသာကိုယ်တိုင် ထွင်းထားသော အရုပ်ကလေး ဖြစ်သည်။

မော့ဝူချင်းအတွက် အခုအချိန်မှာ မော့ဟန်ရော မော့ယွီပင်းရော သေသွားကြပြီ။ သူ့သားနှစ်ယောက်လုံး သေသွားပြီဆိုတော့ သူဘယ်လိုလုပ်ပြီး စာဖတ်ခန်းထဲ စာဖတ်နေနိုင်ပါ့မလဲ။ မော့ဝူချင်း ယုန်ရုပ်ကလေးကိုကြည့်ရင်း မျက်ရည်တစ်စက် စီးကျသွားသည်။

"ပင်းအာ.....အဖေ တာဝန်မကျေဘူးကွာ"

မော့ဝူချင်း ယောကျ်ားတစ်ယောက် ဆိုပေမယ့် ဖခင်ခံစားချက်ကြောင့်တော့ သူ့မျက်ရည်တွေကို ထိန်းထားနိုင်မှာ မဟုတ်ပေ။

"အဖေက ကျင့်ကြံသူမဟုတ်တော့ မင်းရဲ့ဝိညာဥ်ကို ပြန်ခေါ်လို့မရဘူး....အဖေ တာဝန်မကျေဘူးကွာ မင်းအဖေ့ကို ခွင့်လွှတ်ပေးပါ"

မော့ယွီပင်း လှုပ်ရှားတော့မယ့် အချိန်မှာ ပိုင်သွမ့်ထင်က သူ့ခါးကိုဆွဲဖက်လာ၏။ မော့ယွီပင်း မော့ကြည့်လိုက်တော့ ပိုင်သွမ့်ထင်က သူ့အားခေါင်းခါပြသည်။

"ကျွန်တော် အဖေ့ဆီသွားမလို့"

"တစ်ယောက်ယောက် လာနေတယ်"

မော့ယွီပင်း ပြန်ချောင်းကြည့်လိုက်သော် အခန်းထဲကို ဝင်လာသူက လုရှုန်းဖြစ်နေလေသည်။ လုရှုန်းကိုမြင်တော့ မော့ယွီပင်းမျက်လုံးတွေထဲ အေးစက်သော လေလှိုင်းတစ်ခု ဖြတ်သန်းသွား၏။

လုရှုန်းက မော့ဝူချင်းရှေ့တွင် ထိုင်လိုက်သည်။

"ဦးလေးချင်း....."

"မင်းလာတာပဲ....မင်း မော့ဟန်ကို ကြိုက်တာလား မော့ယွီပင်းကို ကြိုက်တာလား"

"......."

လုရှုန်း တိတ်ဆိတ်သွားသည်။ သူဘယ်သူ့ကို ကြိုက်တာလဲ။

ထိုမေးခွန်းက မော့ယွီပင်းရဲ့ လက်ချောင်းတွေကို တင်းကျပ်သွားစေသည်။ လုရှုန်းက သူ့ကိုလှည့်စားခဲ့တဲ့သူ။ သူ့ကိုအဆိပ်မိစေခဲ့တဲ့သူ။ သူသာ ရွှယ်နမ်နဲ့ မတွေ့ခဲ့ရင် အဆိပ်ကြောင့် သေသွားလောက်ပြီ။

Although the trip was rough (Completed)Where stories live. Discover now