🌺EP (51)🌺အိပ်မက်ဆိုးထပ်မက်ပြန်ပြီ

1.2K 175 0
                                    

Although the trip was rough

(51)
[အိပ်မက်ဆိုးထပ်မက်ပြန်ပြီ]

ပိုင်သွမ့်ထင် မော့ယွီပင်းကို ကောက်ပွေ့လိုက်သည်။ ပေါ့ပါးလွန်းတဲ့ ခန္ဓာကိုယ်က သူ့လက်မောင်းထဲ ကွေးကွေးလေးကျုံ့၍ ပါလာ၏။ ပိုင်သွမ့်ထင် မော့ယွီပင်းအား ကုတင်ပေါ် ညင်သာစွာ ချပေးလိုက်သည်။

"နာနေလား? မင်းဒီနေ့လှုပ်ရှားလိုက်လို့ ဖြစ်မယ်... မလှုပ်နဲ့ ကိုယ်မင်းကိုသက်သာအောင် လုပ်ပေးမယ်"

ပိုင်သွမ့်ထင် အဖြူရောင်စွမ်းအားတွေကို ထုတ်ကာ မော့ယွီပင်းရဲ့ ရင်ဘတ်ပေါ် တင်ထားလိုက်သည်။ အေးစက်နေသော စွမ်းအင်များ တိုးဝင်လာခါမှ မော့ယွီပင်းလည်း တဖြည်းဖြည်း သက်တောင့်သက်သာ ဖြစ်လာ၏။

သူက ပိုင်သွမ့်ထင်ကို မယုံကြည်နိုင်သော မျက်ဝန်းတို့ဖြင့် ပြန်စိုက်ကြည့်နေသည်။ ပိုင်သွမ့်ထင် သူ့ကိုတကယ်ပဲ စိတ်ပူနေတာလား။ လုရှုန်းလိုပဲ လိမ်နေတာလား သူမသိဘူး။ ခန့်မှန်းလို့လည်း မရဘူး။

လုရှုန်း ဟန်ဆောင်နေတုန်းကလည်း သူသတိမထားမိခဲ့ဘူးလေ။ ဒါပေမဲ့ လုရှုန်းကတော့ သူ့အပေါ် ဘယ်တုန်းကမှ စိတ်ပူတဲ့အနေအထားမျိုး မပြခဲ့ဘူး။

ပိုင်သွမ့်ထင် မော့ယွီပင်းကို ကြည့်လိုက်သည်။

"သက်သာသွားပြီလား?"

"အင်း ကျေးဇူးပါပဲ"

"မနက်ဖြန် ရွှယ်နမ်ကို ထပ်ကြည့်ခိုင်းလိုက်!"

"အင်း"

မော့ယွီပင်း ခေါင်းညိတ်ကာ ထထိုင်လိုက်သည်။ စောစောက သူ့ဘာသာဆုပ်ထားလို့ ပုံပျက်သွားတဲ့ ရင်ဘတ်ကအဝတ်တွေကို တိတ်တိတ်ကလေး ပြန်ပြင်နေ၏။ မျက်လုံးတစ်စုံ သူ့ကိုကြည့်နေတာ ခံစားမိသောအခါ သူခေါင်းမော့ကာ ကြည့်လိုက်သည်။

သူတို့နှစ်ယောက်လုံး တစ်ယောက်အိပ် ကုတင်ပေါ်တွင် မျက်နှာချင်းဆိုင်လို ထိုင်နေကြလေသည်။ ထို့ကြောင့် မျက်လုံးတွေဟာလည်း နီးကပ်နေ၏။

မော့ယွီပင်းရဲ့ တင်းစေ့ထားတဲ့ နှုတ်ခမ်းလေး အနည်းငယ် ဖွင့်ဟလာသည်။ နှင်းဆီနီလို အရောင်နဲ့ နှုတ်ခမ်းလေးရဲ့ သေးငယ်သော လှုပ်ရှားမှုက နှစ်ရာချီ အသက်ရှင်လာခဲ့သော မြွေဖြူကြီးအား အသက်ရှူမှားသွားစေ၏။

Although the trip was rough (Completed)Where stories live. Discover now