Although the trip was rough
(25)🌺
[မူယန့်....]ရွှယ်နမ် အံ့သြမှုကြောင့် ခေါ်လိုက်သော် ကျွင်းကုကသူ့ဘက်ကို ခေါင်းစောင်းကြည့်လာ၏။ သူကမေးသည်။
"အဆင်ပြေလား?"
"ဟုတ်.."
ရှင်းလန်ရှို့ - "ကျေးဇူးပါပဲ"
ကျိဖုံး သူတို့သုံးယောက်ဘက်ကိုကြည့်ရင်း ကျွင်းကုထံတွင် အချိန်အနည်းငယ် ကျောက်ချကြည့်နေမိသည်။ ကျွင်းကုက ထိပ်တန်းအဆင့် ကြယ်၅ပွင့် ကျင့်ကြံသူတစ်ယောက်ပဲ။ သူကမကြာခင် စစ်သူကြီးအဆင့်ကို တက်လှမ်းတော့မယ့်သူ။
ဒီအဆင့်က ကျိဖုံးရဲ့ စွမ်းအားကို ခုခံသွားနိုင်တာ မထူးဆန်းချေ။ ကျိဖုံးအတွက် ထူးဆန်းနေတာက ကျွင်းကုအနောက်မှာ တစ်ယောက်ကိုတစ်ယောက် ဖက်ထားကြတဲ့ ရှင်းလန်ရှို့ နဲ့ ရွှယ်နမ်ပင်။
ကျိဖုံး ခနဲ့ပြုံးတစ်ပွင့် ဖန်ဆင်းလိုက်သည်။
"နောက်ထပ် ရွံစရာလူတွေပဲ...."
ရှင်းလန်ရှို့ ရွှယ်နမ်နဲ့အတူ မတ်တတ်ထရပ်လိုက်သည်။ ကျိဖုံး ရေရွတ်လိုက်တဲ့ စကားလုံးတွေက ရှင်းလန်ရှို့နဲ့ ရွှယ်နမ်ဟာ ပုံမှန်မဟုတ်တဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်နေကြောင်း သိနေသူလို။
ရွှယ်နမ် - "ခင်ဗျား ဘယ်သူ့ကိုပြောတာလဲ? ကျွန်တော်တို့က ရွံစရာမကောင်းဘူး.... ခင်ဗျားကသာ ရွံစရာကောင်းတာ!!! ကိုယ့်ရင်ဘတ်ကို ပြန်ငုံ့ကြည့်ဦး!! ရွံဖို့ကောင်းလိုက်တာ!"
"အတင့်ရဲလိုက်တာ!!"
ကျိဖုံး သူ့ရင်ဘတ်မှာရှိတဲ့ အနက်ရောင် အပေါက်တွေကို သတိရသွားပြီး ဒေါသထွက်လာသည်။ သူ့နောက်မှာ မျောလွင့်နေတဲ့ ဓားသွားများထဲက တစ်ခုကို ရွှယ်နမ်ဆီ ပစ်သွင်းလိုက်သည်။
ရှင်းလန်ရှို့ တုံ့ပြန်မှုကတော့ ရွှယ်နမ်ကို သူ့ကျောဘက်ဆီ ပို့လိုက်ခြင်းသာ။ ကျွင်းကုသည် သူ့ရဲ့လှိုင်းတွန့်ဓားကောက်ကို ဝေ့ယမ်း၍ လက်နက်ငယ်ကို ခုခံထားလိုက်သည်။
'ထန်း...'
ကျွင်းကု - "ဆိုတော့ ကျိန်စာကို ထပ်ပြီးဖန်တီးတဲ့သူက မင်းပေါ့?"
YOU ARE READING
Although the trip was rough (Completed)