Although the trip was rough
(26)🌺
[မနာလိုအားကျမှု]ကျိနှောင် မူယန့်အနားကို နည်းနည်း တိုးကပ်လိုက်ကာ မူယန့်ခါးကိုဖက်၍ အေးစက်နေတဲ့ ရင်ခွင်ထဲ တိုးဝင်လိုက်သည်။
"မူယန့်.... ငါမင်းကိုပြန်တွေ့ရတာ အရမ်းပျော်တာပဲ"
ကျိနှောင်က ကျီးဖြူအိမ်တော်က သခင်လေးတစ်ယောက် ဖြစ်ပြီး သူကတော့ ကိုယ်ရံတော် အစေခံလေးသာ ဖြစ်သည်။ သူလူ့ဘဝတုန်းက သခင်ဖြစ်သူအပေါ် မထားသင့်သော ခံစားချက်များ ထားမိသည်။
ကျိနှောင်ကိုလည်း သူ့ကိုပြန်ကြိုက်လာအောင် ဆွဲဆောင်ခဲ့မိသည်။ တစ်ကိုယ်ကောင်းဆန်တဲ့ အချစ်ကြောင့် သူမိစ္ဆာလမ်းစဥ်ကို လိုက်ခဲ့ကာ ကျီးဖြူအိမ်က လူတွေကို မသမာသော နည်းလမ်းဖြင့် ကျင့်ကြံလာအောင် လှည့်စားသိမ်းသွင်းခဲ့သည်။
နောက်ဆုံး ကျီးဖြူအိမ်တော်ကလူတွေ တဖြည်းဖြည်း သေဆုံးသွားအောင် အစွမ်းထက်တဲ့ ကျိန်စာတစ်ခုတောင် ဖန်တီးခဲ့လိုက်သေးသည်။
"မင်း......"
မူယန့် ကျိနှောင်ကို တင်းတင်းပြန်ဖက်ထားလိုက်သည်။
"မူယန့်... ငါအသက်ရှင်နေသေးတာ မင်းသိတယ်မလား? မင်းဘာဖြစ်လို့ ငါ့ကိုလာမရှာတာလဲ?"
"ကိုယ်သိပါတယ်... ဒါပေမဲ့ ကိုယ်က ဆီးပန်းပင်ထဲမှာ ကျင့်ကြံနေခဲ့တာ။ မင်းဒီမြို့ကနေ ထွက်သွားပြီလို့ ကိုယ်ထင်နေတာ... နှစ်၄၀ကျော်သွားပြီဆိုတော့ မင်းထွက်သွားလောက်ပြီလို့ ထင်ပြီး ကိုယ်အင်အားကြီးလာရင် မင်းကိုထွက်ရှာဖို့ စဥ်းစားထားတာ... ကိုယ်စောစော ထွက်မလာလို့ ကိုယ့်ကိုစိတ်ဆိုးနေလား?"
ကျိနှောင်ခေါင်းခါလိုက်သည်။
"ငါမင်းကို စိတ်မဆိုးပါဘူး.... မင်းလုပ်သမျှက ငါ့အတွက်ချည်းပါပဲ...."
အေးစက်နေတဲ့ နှုတ်ခမ်းပါးမှ အပြုံးတစ်ပွင့် ပေါ်ထွက်လာသည်။ မူယန့် ကျိနှောင်ကို ငုံ့ကြည့်လိုက်သည်။ ကျိနှောင်ကလည်း သူ့ကိုမော့ကြည့်လာရာ သူတို့နှစ်ယောက် အကြည့်ချင်းဆုံသွားကြပြီး ဘယ်သူကမှ အကြည့်မလွှဲနိုင်တော့ပေ။
YOU ARE READING
Although the trip was rough (Completed)