🌺EP (34)🌺 မြွေတစ်သောင်းချိုင့်ဝှမ်း

1.3K 194 0
                                    

#Although the trip was rough

🌺(34)🌺
[မြွေတစ်သောင်းချိုင့်ဝှမ်း]

သူတို့ရဲ့ခဏတာ တိုက်ပွဲက ပတ်ဝန်းကျင်ကို ကြီးကြီးမားမား သက်ရောက်မှုမဖြစ်စေ။ ကျင့်ကြံခြင်းလောကဆိုတာ တစ်ဦးနဲ့တစ်ဦး အချိန်မရွေး နေရာမရွေး တိုက်ခိုက်သတ်ဖြတ်ကြတဲ့ လောကဖြစ်သည်။

ထို့ကြောင့် ရှင်းလန်ရှို့တို့ သိပ်ပြီးအာရုံစိုက် မခံလိုက်ရပေ။ သူတို့မြို့ထဲကနေ မြန်မြန်ထွက်လာခဲ့သည်။ တစ်လမ်းလုံး တစ်ယောက်မှ စကားမပြောကြဘဲ အော့ရွှမ် မြေပုံကြည့်တဲ့အတိုင်း မြွေတစ်သောင်းချိုင့်ဝှမ်းဆီကို ထွက်လာခဲ့၏။

မြွေတစ်သောင်းချိုင့်ဝှမ်းက မြို့နဲ့ သိပ်မဝေးချေ။ ချိုင့်ဝှမ်းဟူသည် သိပ်မကျယ် သိပ်မကျဥ်းသော လျှိုမြောင်ကြီး တစ်ခုထဲက လိုဏ်ဂူကြီးဖြစ်သည်။

လျှို​မြောင်ဘေးပတ်ပတ်လည် သစ်ပင်ကြီးတွေနဲ့ ချုံနွယ်တွေကြောင့် ပိတ်ပိတ်ထူ မှောင်မိုက်နေသည်။

ရှင်းလန်ရှို့ မေး၏။

"ငါတို့ရောက်ပြီလား?"

"အင်း"

အော့ရွှမ် ပြန်ဖြေပြီး ညအချိန်ကြီး အရမ်းမှောင်နေတဲ့ ချိုင့်ဝှမ်းထဲကို ဘယ်လိုဝင်ရမလဲ စဥ်းစားနေသည်။ မြွေတစ်သောင်းချိုင့်ဝှမ်း ဆိုတဲ့အတိုင်း မြွေတွေကတော့ အလွန်ပေါများ သေချာသည်။

သူတို့ကုန်းထိပ်ပေါ်ကနေ လှမ်းကြည့်နေစဥ် အရပ်မျက်နှာ အသီးသီးက လူများသည် လျှိုထဲကို ပြေးဝင်သွားတာ တွေ့ရ၏။ ရွှယ်နမ် စိုးရိမ်သွားကာ အသံထွက်ပြောလိုက်သည်။

"သူတို့တွေ ဝင်သွားကြပြီ"

အော့ရွှမ် - "မင်းက မျက်စိကောင်းသားပဲ"

ရှင်းလန်ရှို့ - "အော့ရွှမ် မင်းလမ်းပြ"

"ကောင်းပြီ....အားလုံး ငါ့နောက်က လိုက်ခဲ့ကြ"

အော့ရွှမ်ကပြောပြီး လျှိုထဲသို့ ပျံသန်းသွားသည်။ ရွှယ်နမ်လည်း အခုအချိန်မှာ ကိုယ်ဖော့ပညာကို ကောင်းကောင်းသုံးတတ်နေပြီမလို့ ရှင်းလန်ရှို့ အကူအညီမပါဘဲ အနောက်ကနေ လိုက်နိုင်နေပြီ။

Although the trip was rough (Completed)Donde viven las historias. Descúbrelo ahora