Although the trip was rough
(91)
[ရုပ်ဆိုးကြီး......]လန်ကျစ်ဆိုသည်မှာ ရေပြာတောင်ဂိုဏ်းရှိ ရေနဂါးကိုးကောင် အဖွဲ့ဝင်တစ်ဦးဖြစ်၏။ သူက အနားရောက်တော့ ရှင်းလန်ရှို့ပုခုံးကို နှစ်ချက်လောက် ပုတ်လိုက်သည်။
"လန်ရှို့....မင်း အရွယ်ရောက်လာပြီ"
ရှင်းလန်ရှို့မှာ သူတို့နှစ်ယောက် ရောက်လာကြတာကို အံ့ဩနေတုန်း။ လန်ကျစ်က ပြုံး၍ ရှင်းလန်ရှို့လက်မောင်းထဲက သားရဲလေးကို ကြည့်လိုက်သည်။ ရှင်းလန်ရှို့က ထိုသားရဲလေးအား တင်းတင်းကျပ်ကျပ်ကို ဖက်ထားတာ။
သားရဲလေးက သူ့မျက်နှာကို ရှင်းလန်ရှို့လည်ပင်းမှာ ထိုးအပ်ထားကာ သတိလစ်နေ၏။
လန်ကျစ် -"သူလား?"
ရှင်းလန်ရှို့ ခေါင်းညိတ်လိုက်သည်။
"သူကျွန်တော့်ကို ကာကွယ်ပေးရင်း ဒဏ်ရာရသွားတာ... ဒါနဲ့ အစ်ကိုတို့ ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ?"
လော့ရင်းဝူ -"ဟွန့် အပြင်လောကမှာ နင့်ကိုရှာမတွေ့တော့လို့ ဒီထဲမှာရှိနေမယ်လို့ ထင်လိုက်တာလေ....ကိုကိုကငါ့ကို ကောင်းကင်ဖြိုခွင်းဓားတောင် ငှားလိုက်သေးတယ်"
ကောင်းကင်ဖြိုခွင်းဓားက လော့ချုံးရွဲပိုင်ဆိုင်တဲ့ အတုမရှိသော ဓားတစ်လတ်ဖြစ်သည်။ လော့ရင်းဝူက ဆက်ပြော၏။
"တကယ်ဆို ကိုကိုက သူကိုယ်တိုင်လိုက်လာချင်တာ... ယောက်ဖ အဲ မဟုတ်ပါဘူး ယောက်မက မွေးခါနီးနေပြီမို့လို့ သူမလိုက်တော့တာ"
"သမားတော်ကျင်းက.... "
"ဟုတ်တယ်လေ....ငါပြန်သွားရင် ကလေးသေးသေးလေးက ငါ့ကိုစောင့်ကြိုနေတော့မှာ ဟားဟားဟား... တူလေးလား တူမလေးလား မသိဘူး...."
ကလေးလေးအကြောင်း ပြောလိုက်တော့ လော့ရင်းဝူရဲ့ စောစောတုန်းက ရန်ထောင်ချင်နေတဲ့ အမူအရာတွေ ပျောက်သွား၏။
လန်ကျစ် -"မင်း ဘယ်မှာရှိလဲ စုံစမ်းလို့မရတော့ ဆရာကတော်က အရမ်းစိတ်ပူသွားတယ် အဲဒါကြောင့် ငါတို့ထွက်လာခဲ့တာ.... ဒီတစ်ခေါက် အပြင်ပြန်ရောက်ရင်တော့ မင်း ရေပြာတောင်ဂိုဏ်းကို ပြန်လိုက်ရမယ်နော် ဆရာကတော်က မင်းကိုအရမ်းစိတ်ပူနေတာ"
BINABASA MO ANG
Although the trip was rough (Completed)