🌺EP (19)🌺ရှင်းလန်ရှို့ကမိဘတွေကိုသတိရနေတယ်

1.5K 195 1
                                    

Although the trip was rough

🌺(19)🌺
[ရှင်းလန်ရှို့ကမိဘတွေကိုသတိရနေတယ်]

ရွှယ်နမ်က သူတို့လမ်းမှာ မတော်တဆနှင့် ဒဏ်ရာရပြီး သေနေတဲ့ ငရဲကြောင်သားရဲတစ်ကောင်ကို ရထားကြောင်း သတင်းပေးလိုက်သောအခါ စားပွဲထိုးသည် သူတို့နှစ်ယောက်ကို တောက်ပတဲ့ မျက်ခုံးတွေနဲ့ကြည့်လိုက်သည်။

"သခင်လေး....."

"ရှူး....."

ရွှယ်နမ်သည် စားပွဲထိုးရဲ့ပုခုံးကို ပုတ်ပြီး အောက်ကိုပြန်ဆွဲချကာ။

"တကယ်လို့ အဲဒီသားရဲကို စျေးကောင်းကောင်းနဲ့ ရောင်းရမယ်ဆိုရင် သေချာပေါက်မင်းအတွက်လည်း ပွဲစားခရမှာနော်"

"ကျွန်တော် နားလည်ပါပြီ...ကျွန်တော်အခုပဲ သူဌေးကို သွားပြောလိုက်ပါမယ်"

စားပွဲထိုးထွက်သွားမှ ရွှယ်နမ်သည် ငရဲကြောင်သားရဲကို ရောင်းဖို့ ရှင်းလန်ရှို့ကို မတိုင်ပင်လိုက်ရကြောင်း သတိရသွားတော့သည်။ ရှင်းလန်ရှို့သည် သူနဲ့စားပွဲထိုးတို့ ပြောနေတုန်း စကားတစ်ခွန်းမှ ဝင်မပြောဘဲ ရေနွေးကြမ်းကိုသာ အရသာခံသောက်နေ၏။

သူတို့နှစ်ယောက်က မျက်နှာချင်းဆိုင် ဖြစ်ကြသော်လည်း ရွှယ်နမ်က နေရာရွှေ့လိုက်တာမို့ သူတို့နှစ်ယောက် ကပ်ရပ်ကလေး ဖြစ်သွားသည်။

"ရှို့ကော.... ကျွန်တော်ရှို့ကောကို မတိုင်ပင်ဘဲ လုပ်မိပြီ စိတ်ဆိုးလား?"

ရှင်းလန်ရှို့က ရေနွေးကြမ်းပန်းကန်ကိုချ၍ ခေါင်းခါလေ၏။ ရွှယ်နမ် အလိုက်သိစွာ ရေနွေးကြမ်းတွေကို ထပ်ငှဲ့ပေးလိုက်သည်။

"ရှို့ကော ဘာတွေစဥ်းစားနေတာလဲဟင်"

"မင်း အဲဒီလူရဲ့လက်မောင်းကဟာကို အရင်က မြင်ဖူးသလိုရှိတယ်လို့ ပြောလိုက်တယ်နော်"

"ဟုတ်တယ်... ကျွန်တော် အရင်ကယိရှောင်မြို့ရဲ့ မီးပုံပွဲတော်နေ့မှာ စျေးရောင်းရင်း မတော်တဆ တွေ့လိုက်တာ.... အဲဒါကလည်း ကျင့်ကြံသူတွေ အချင်းချင်း တိုက်ခိုက်ကြရင်း ကျွန်တော့်မျက်လုံးက တကယ်ကို မတော်တဆ တွေ့သွားတာ.... ဒါပေမဲ့ သိပ်မတူသလိုပဲ အဲဒီလူရဲ့ ရင်ဘတ်က အပေါက်တွေကျ အမည်းရောင်တွေ..."

Although the trip was rough (Completed)Where stories live. Discover now