🌺EP (30)🌺ချဥ်စူးစူးအနံ့...

1.4K 193 0
                                    

Although the trip was rough

🌺(30)🌺
[ချဥ်စူးစူးအနံ့....]

ရှင်းလန်ရှို့က မေးလိုက်သည်။

"အဲဒီဘက်မှာ ဘာဖြစ်နေတာလဲ?"

ကျီးယွမ်က သူမရဲ့ဓားကိုသိမ်း၍ စောစောက သူမလွင့်လာခဲ့ရာဘက်ကို ကြည့်လိုက်သည်။

"အသေးစား တိုက်ပွဲလေးတစ်ခုပါ... ကျွန်မနဲ့ ကျွန်မအစေခံတွေ မိစ္ဆာတစ်ကောင်နဲ့ တိုးမိတာ။ ကျွန်မ နေရာပြောင်း အစီအရင်လုပ်ခဲ့ပေမယ့် ကျွန်မရေးဆွဲတာ မပြည့်စုံတော့ တိုက်ပွဲကဒီဘက်အထိ ပါလာခဲ့တာ...."

"အခုရော ဘယ်လိုလဲ?"

အော့ရွှမ်လည်း အသံတိတ်ဆိတ်သွားတဲ့ဘက်ကို ကြည့်လိုက်သည်။ ကျီးယွမ်က ခေါင်းခါလေ၏။

"နေရာပြောင်း အစီအရင် ဆွဲနေတုန်း အဲဒီမိစ္ဆာက တိုက်ခိုက်လိုက်လို့ ကျွန်မလွင့်လာတာ.... အစေခံတွေတော့ ပါသွားပြီ ကျွန်မတစ်ယောက်ပဲ အသက်ရှင်တယ်...."

ရှင်းလန်ရှို့ - "ဒဏ်ရာရသွားသေးလား?"

"မရပါဘူး"

အော့ရွှမ် ရှင်းလန်ရှို့လက်မောင်းကို ထိုးလိုက်သည်။

"မင်းကဘာကိစ္စ သူ့ကိုစိတ်ပူနေတာလဲ?"

"သူမကငါနဲ့အားနမ်ရဲ့ အသက်သခင် ကျေးဇူးရှင်... ငါ့နေရာမှာ အားနမ်သာဆို သူမကိုပိုတောင် မေးမြန်းလိမ့်မယ်"

အော့ရွှမ် - "......"

သူဆွံ့အသွားတော့သည်။ ကျီးယွမ်လည်း သူတို့နှစ်ယောက်ကြားက စကားလုံးတွေကို နားမလည်ပေ။ အော့ရွှမ် ဘာမှမပြောတော့ဘဲ ကျီးယွမ်ထွက်လာရာဘက်ကို တစ်ချက် သွားစစ်ဆေးကြည့်လိုက်သည်။

နေရာပြောင်း အစီအရင်ကြောင့် ဘယ်သူမှ မရှိတော့ပေ။ ရှင်းလန်ရှို့လည်း ကျီးယွမ်ကို ရထားလုံးထဲတွင် အနားယူခိုင်းလိုက်သည်။ သူမ ဒဏ်ရာမရသော်လည်း ဝိညာဥ်စွမ်းအင် ပြန်ဖြည့်တင်းဖို့က လိုအပ်၏။

ထို့ကြောင့် အထဲတွင် ကျင့်ကြံနေဖို့လိုသည်။ အော့ရွှမ်နဲ့ ရှင်းလန်ရှို့ကတော့ အနီးတစ်ဝိုက်တွင် အဆာပြေ စားနိုင်သော သစ်သီးတို့ကို ရှာဖွေလိုက်ပြီး ခရီးဆက်ခဲ့၏။ 

Although the trip was rough (Completed)Where stories live. Discover now