Although the trip was rough
(76)🌺
[ဟေးရိ]တည်းခိုခန်းရှိ အခန်းတစ်ခန်းထဲတွင် ရွှယ်နမ်သည် သူ့ခေါင်းလောက်ရှိတဲ့ မှိုပွင့်ကြီးကိုကြည့်ရင်း စိတ်လှုပ်ရှားနေသည်။
"ဒါကြီးကို ကျွန်တော် တစ်ခါမှမမြင်ဖူးဘူး"
ရှင်းလန်ရှို့ရယ်၍ - "သူက အရမ်းရှားတဲ့ ဆေးပင်လေ....ဝိညာဥ်စွမ်းအင်လည်းပါတော့ ဝိညာဥ်ဗဟိုချက်ရှိတဲ့ နေရာတွေမှာတောင်မှ ရှာမတွေ့နိုင်ဘူး"
အရမ်းရှားတယ်။ မြွေတစ်သောင်း ချိုင့်ဝှမ်းမှာတုန်းကလို စွမ်းအင်စုစည်းပြီးတောင် ရှာလို့မရဘူးတဲ့။ ဒါဆိုရင် အပေးအယူရဲ့ ပစ္စည်းက အရမ်းရှားတာပေါ့။
ဒါပေမဲ့ ရှင်းလန်ရှို့ ပြန်မေးရမယ့် အရာကလည်း တန်ဖိုးကြီးသည်။ ကြယ်တာရာနန်းတော်ထဲမှာ ဘယ်နားရောက်နေမှန်း မသိတဲ့ တံဆိပ်ပြားနှစ်ပိုင်းကို ပြန်ရှာပေးရမှာလေ။ ရှင်းလန်ရှို့အတွက် မလွယ်ကူလောက်ပေ။
ရွှယ်နမ် ကုတင်ပေါ်က ခုန်ဆင်းပြီး ရှင်းလန်ရှို့ရှိတဲ့ စားပွဲသို့ပြေးသွားသည်။ ရွှယ်နမ် မှိုပွင့်ကို စားပွဲပေါ်တွန်းတင်ရင်း။
"ကျွန်တော်တို့ ဒါကြီးကို ပြန်ပေးလိုက်ရင် ကောင်းမလားဟင်?"
"ဘာလို့လဲ?"
"ကြယ်တာရာနန်းတော်ထဲ ပြန်ဝင်ဖို့က မလွယ်လောက်ဘူးလေ.... ရှို့ကောအတွက် အန္တရာယ်များတယ် သူတို့မှာက ကောင်းကင်အဆင့် ကျင့်ကြံသူတွေ ရာနဲ့ချီရှိနေမှာ။ ကျွန်တော်ကလည်း စွမ်းအင်မလုံလောက်သေးတော့ ရှို့ကောကို မကူညီနိုင်ရင်...."
ရှင်းလန်ရှို့လည်း စားပွဲပေါ်က ထိုကောင်လေးရဲ့လက်ကို ဆုပ်ကိုင်လိုက်သည်။
"ဒါကမင်းအတွက် ကိုယ်ယူပေးတာ....မင်းသာ စစ်သူကြီးအဆင့် ကုသသူဖြစ်လာရင် ကိုယ့်ရဲ့အကြီးကျယ်ဆုံး အထောက်အပံ့ ဖြစ်လာမှာပဲလေ.... မဟုတ်ဘူးလား?"
ရွှယ်နမ်လည်း ရှင်းလန်ရှို့အတွက် အကြီးကျယ်ဆုံး ထောက်ပံ့သူဖြစ်ချင်ပါသည်။ ရှင်းလန်ရှို့က အရှေ့မှာတိုက်ခိုက်မယ်ဆိုရင် သူကအနောက်မှာနေပြီး ရှင်းလန်ရှို့ဒဏ်ရာရလာရင် ချက်ချင်း ပျောက်ကင်းပြီး စွမ်းအင်ပြန်ပြည့်ဝလာအောင် လုပ်ပေးချင်သည်။
YOU ARE READING
Although the trip was rough (Completed)