🌺EP (94)🌺ရန်ငြိုးများကိုထပ်မဖွဲ့လိုတော့

1.2K 168 0
                                    

Although the trip was rough

(94)
[ရန်ငြိုးများကိုထပ်မဖွဲ့လိုတော့]

ရေနတ်သမီး ရေကန်သို့ ဖြည်းဖြည်းချင်း ပြန်လာခဲ့သည်။ ရှင်းလန်ရှို့က ရွှယ်နမ်နဲ့အတူ ရေပြာတောင်ဂိုဏ်း အကြောင်း ခပ်တိုးတိုးလေး ပြောပြရင်း သွားနေစဥ် လန်ကျစ်နဲ့ လော့ရင်းဝူကလည်း အနောက်မှ နားထောင်နေသည်။

အနောက်ဆုံးက လိုက်တဲ့ ယင်းဝူက ကျီးယွမ်လက်ကို ဆွဲလိုက်သည်။

"ငါမင်းကို ဒီလောက်ကာကွယ်ပေးထားတာကို မင်းကငါ့ကိုကျ ဘာမှမပေးဘူးလား?"

"ဟင် ရှင်လည်းလက်ဆောင်ယူမလို့လား?"

"ဘယ်သူကမင်းဆီက လက်ဆောင်ယူချင်တယ် ပြောလို့လဲ... "

ယင်းဝူ သူမလက်ကိုလွှတ်လိုက်သည်။  ကျီးယွမ် လွတ်သွားတဲ့လက်ကို အမြန်ပြန်ဆွဲလိုက်၏။ ယင်းဝူက လူတွေကြောက်ရတဲ့ မိစ္ဆာကြီးပုံစံ ဖမ်းထားပေမယ့် တစ်ခါတလေ အရမ်းကလေးဆန်တတ်တာကို သူနဲ့ဆုံပြီးနောက်ပိုင်း ကျီးယွမ် သိလာသည်။

သူမက ဆွဲထားတဲ့ ယင်းဝူလက်ဖဝါးထဲကို ကျောက်စိမ်းဆံထိုးတစ်ချောင်း ထည့်ပေးသည်။ ယင်းဝူအံ့သြသွားကာ ငှက်အတောင်ပုံစံက ဆံထိုးကို ပြန်ဖက်ထားတဲ့ ပုံစံမျိုးလေး ဖြစ်နေ၏။

ယင်းဝူ -"......"

"မိန်းမ မဆန်ပါဘူး......"

ယင်းဝူ သူမကိုကြည့်လိုက်သည်။

"ငါ့ကိုပေးတာလား?"

ကျီးယွမ် အပြုံးနဲ့ ခေါင်းညိတ်လိုက်သည်။

"ကျွန်မ အမြဲတမ်းစောင်ထားတဲ့ ဆံထိုးပါ...ဆံထိုးထဲမှာ ချင်းကဲငှက်ရဲ့ သံစဥ်တွေရှိတယ် မှော်လက်နက်အနေနဲ့လည်း သုံးလို့ရတယ်"

"မင်းမှာ ဒီတစ်ခုပဲရှိတာလား?"

"ကျွန်မမှာ နောက်တစ်ခုရှိပါသေးတယ်"

"ဒီကထွက်ရင် မင်းဘယ်သွားမှာလဲ?"

"လန်သခင်လေးက ရေပြာတောင်ဂိုဏ်းကို လိုက်ခဲ့ဖို့ ကျွန်မကိုပြောတယ်....ကျွန်မကို ဂိုဏ်းချုပ်ကြီးဆီမှာ ခိုလှုံခွင့်တောင်းပေးမယ်တဲ့ ဒါမှမဟုတ်လည်း တိမ်လွှမ်းတောင်ထွတ်မှာ နေခွင့်ပေးမယ်လို့ လော့သခင်မလေးက ပြောတယ်... "

Although the trip was rough (Completed)Onde histórias criam vida. Descubra agora