Although the trip was rough
🌺(22)🌺
[အသက်ရှင်သူနောက်တစ်ယောက်]ရွှယ်နမ်ကုသနေတာ ၃နာရီကျော်သွားပြီ။ ကျွင်းကု တစ်ချက်သွားကြည့်လိုက်တော့ နို့ထိန်းမေမေရဲ့ ခြေထောက်က အပေါက်တွေသည် ကြီးမားကျယ်ပြန့်နေရာမှ တဖြည်းဖြည်း စုကျုံ့သွားတာကို အံ့သြစွာဖြင့် တွေ့လိုက်ရလေသည်။
ကျွင်းကု ဝမ်းသာသွားသည်။ သို့ပေမယ့် ပျောက်ကင်းတဲ့အထိ ကုသလို့မပြီးသေးပေ။ ရွှယ်နမ်က တကယ်ကို ကြိုးစားပမ်းစား ကုသပေးနေ၏။ အဖြူရောင် စွမ်းအင်ငွေ့တွေက ခြေသလုံးထဲကို အဆက်မပြတ် စီးဝင်နေသည်။
ရွှယ်နမ်နဖူးမှာလည်း ချွေးစတွေက ဝဲသီနေ၏။
"မင်းအဆင်ပြေသေးရဲ့လား?"
"ဘာမှမဖြစ်ဘူး...."
"မင်းအနားယူချင်သေးရင်..."
"ရတယ်.... ကျွန်တော်ဒါကို ပျောက်အောင်ကုပြီး စောစောက ဝိညာဉ်ပင်ကိုယူမှာ!"
ရွှယ်နမ်သည် အခိုင်အမာ ဆုံးဖြတ်ချက် ချထားပုံမှာ ဘယ်တော့မှ ပြင်မည့်ပုံမပေါ်။ ထို့ကြောင့် ကျွင်းကုလည်း လက်ဖက်ရည် စားပွဲဆီကိုသာ ပြန်လာခဲ့လိုက်သည်။ ရှင်းလန်ရှို့က စားပွဲမှာ ထိုင်နေပြီး ကူလဲ့ကတော့ တံခါးဝတွင် စောင့်ကြပ်ပေးနေ၏။
"လန်သခင်လေး....."
ရှင်းလန်ရှို့ နားစွင့်လိုက်သည်။
"မင်းရဲ့အားနမ်ကို တစ်ချက်လောက် သွားကြည့်လိုက်ပါဦး.... သူ့ကိုကြည့်ရတာ ပင်ပန်းနေပြီထင်တယ်"
ရှင်းလန်ရှို့မျက်နှာတွင် စိုးရိမ်စိတ်ကလေး ဖြတ်ပြေးသွားသည်။ သူချက်ချင်းထကာ ရွှယ်နမ်ဆီ လျှောက်သွားလိုက်သည်။ ကုတင်နဲ့ လက်ဖက်ရည်စားပွဲက သိပ်မဝေးတော့ ရှင်းလန်ရှို့အတွက် သွားရတာ အဆင်ပြေလေသည်။
"အားနမ်....."
သူအနားရောက်လာတော့ ရွှယ်နမ်က မော့ကြည့်လာသည်။ ရှင်းလန်ရှို့ မမြင်ရတာ သိပေမယ့် ရွှယ်နမ် ချစ်စဖွယ်လေး ပြုံးပြလိုက်သည်။
"ရှို့ကော....."
"မင်းပင်ပန်းနေပြီ.... ခဏလောက် နားလိုက်ပါလား?"
KAMU SEDANG MEMBACA
Although the trip was rough (Completed)