Although the trip was rough
(66)🌺
[စစ်သူကြီးအဆင့်များ]ရှင်းလန်ရှို့က ရွှယ်နမ်အား ခေါင်းညိတ်ပြလိုက်ပြီးတော့ ခေါင်းဆောင်၅အား လှည့်ပြောလိုက်သည်။
"ပြီးရင် ကျွန်တော်တို့ ခင်ဗျားကိုပြန်လာကယ်မယ်..."
"မြန်မြန်သွားကြ!"
ရှင်းလန်ရှို့ လက်ဝေ့ယမ်းလိုက်သော် နေရာပြောင်း အစီအရင်တစ်ခု သူတို့ခြေထောက်အောက်တွင် ပေါ်လာပြီး နှစ်ယောက်သား အကျဥ်းထောင်ထဲမှ ပျောက်ကွယ်သွားသည်။
သူတို့နှစ်ယောက် အကျဥ်းထောင်အပြင်ဖက်တွင် ပေါ်လာသောအခါ ပုံတူမြွေနဲ့ မျှားခေါ်သွားခြင်းခံရသော လူသည် နောက်လိုက်ငယ်သား ၅၀နဲ့အတူ အကျဥ်းထောင်ရှေ့မှာ ရပ်စောင့်နေတာကို တွေ့လိုက်ရသည်။
ရှင်းလန်ရှို့တို့နှစ်ယောက် ပေါ်လာသည်နှင့် သူသည် မဲ့ပြုံးတစ်ပွင့်နဲ့အတူ ဆိုလိုက်သည်။
"မော့ထန်းအကျဥ်းထောင် ခြံဝန်းထဲက ကြိုဆိုပါတယ်"
ရွှယ်နမ်ကလည်း မျက်မှောင်ကျုံ့ထားလိုက်သည်။ ထိုစဥ် မော့ထန်းအိမ်တော်က ကျင့်ကြံသူ နောက်လိုက်များသည် ဝိညာဥ်စွမ်းအင် မြှားပေါင်းများစွာကို ပစ်လွှတ်လိုက်လေသည်။ ရှင်းလန်ရှို့ လက်ဆန့်၍ အစီအရင်စက်ကွင်း တစ်ခုနဲ့ မြှားများစွာကို ရပ်တန့်စေလိုက်သည်။
မြှားများမှာ အစီအရင်ကြောင့် နောက်ပြန်ကန်ထွက်ကာ မြှားပစ်သူများအား ပြန်ထိမှန်ကုန်၏။ ထိုအခါ စစ်သူကြီးအဆင့် ကျင့်ကြံသူက ဓားတစ်ချောင်းနဲ့အတူ ရှင်းလန်ရှို့ထံ ပြေးဝင်လာသည်။
သူက ပြေးဝင်လာရင်း ဓားစွမ်းအင်များကိုလည်း ဘယ်ညာဝေ့ယမ်းပစ်သည်။ ရှင်းလန်ရှို့ ရွှယ်နမ်အား အချက်ပြလိုက်သည်။
"သတိထားနော်"
"စိတ်ချ....."
ပြေးလာတဲ့ ဓားအလင်းတွေကို ရွှယ်နမ်ရှောင်ရင်းမှ စစ်သူကြီးအဆင့် ကျင့်ကြံသူအနောက်မှ ပြေးလိုက်လာသော အဆင့်နိမ့်တပည့်များကို ရင်ဆိုင်ဖို့ ပြေးသွားလေသည်။ ကျင့်ကြံသူရဲ့ အကြီးမားဆုံး ပစ်မှတ်ကလည်း ရှင်းလန်ရှို့သာ ဖြစ်နေ၏။
CZYTASZ
Although the trip was rough (Completed)