Although the trip was rough
🌺(59)🌺
[အတင်းအကျပ်ကုသလို့မရဘူး]ဧကရာဇ်အဆင့် ကျင့်ကြံသူသည် အသက်ကြီးနေသော လူတစ်ယောက်ဖြစ်ပြီး သူသည် ပိန်ပါးပြီး အဆင့်အတန်းမြင့်ပုံပေါ်သည်။ ထိုလူက အရှေ့ထွက်လာပြီး။
"ရွှယ်ပိုင်ဟယ့်ရဲ့သားလို့ မပြောရဘူး မင်းတော်တော်သတ္တိရှိတာပဲ"
ရွှယ်နမ်က အပြုံးတုနဲ့ ပြန်တုံ့ပြန်ရင်း။
"ခင်ဗျားတို့မှာ အရမ်းတော်တဲ့ သမားတော်ရှိတယ်လို့ ကြားဖူးတယ်...အဲဒီသမားတော်က ပေ့အိမ်တော်က ပေ့သခင်လေးကို စမ်းသပ်ပြီးတော့ ကယ်လို့မရတော့ဘူးလို့ အဖြေပေးခဲ့တယ်.... အဲဒီသခင်လေးကို ကျွန်တော် ကုသပေးလိုက်လို့ အခုတော်တော်လေးတောင် ပြန်ကောင်းနေပြီ....မကြာခင် သူ့မွေးနေ့ရောက်တော့မှာ အဲဒီအခါကျမှ ခင်ဗျားတို့ လက်လျှော့ခဲ့တဲ့သူက ဘယ်လောက်တောင် ကျန်းမာလာပြီလဲဆိုတာ ကြည့်ထားလိုက်!"
လူကြီးမှာ မျက်နှာပျက်သွားတော့သည်။ ပေ့လင်ကို ကယ်တင်လို့မရတော့တာမို့ သူတို့တကယ် လက်လျှော့ခဲ့ကြသည်။ အရင်တစ်ခေါက် အိမ်တော်ခွဲက အိမ်တော်ထိန်း နဲ့ ရွှယ်နမ်တို့ ရန်ဖြစ်ကတည်းက ရွှယ်နမ် ထိုကလေးကို ကုသပေးမယ်ဆိုတာ ခန့်မှန်းမိထားသည်။
ကျင့်ကြံခြင်း လောက၏ ခန့်မှန်းရ အခက်ဆုံးထဲတွင် ကုသဒြပ်စင်တွေရဲ့ ကျင့်ကြံရေးအဆင့်လည်း ပါဝင်ပေသည်။ အခုဆို ရွှယ်နမ်က အဆင့်ဘယ်လောက်မှန်း သူတို့မသိရဘူး။
ပေ့သခင်လေး ပြန်ကောင်းလာတော့မယ်ဆိုတဲ့ သတင်းကြောင့် မော့ထန်းဆေးဆိုင်များမှ လူအုပ်ကြီးသည် အံ့သြမျက်ဝန်းများ ဝိုင်းစက်သွားသလို ပေ့အိမ်က ရောဂါသည်လေးအကြောင်း သိတဲ့ မြို့သားတွေလည်း အံ့သြသွားသည်။
သူတို့သည် ကျော်ကြားသော နာမကျန်းသူလေးကို ကုသနိုင်သော ရွှယ်နမ်ကိုပိုလို့တောင် လေးစားသွားကြသည်။ သို့သော် မော့ထန်းအိမ်က လူတွေကြောင့် ချီးကျူးစကားကို ပွင့်ပွင့်လင်းလင်း ထုတ်မပြောရဲဘဲ အချင်းချင်းသာ တီးတိုးပြောနိုင်၏။
ကံမကောင်းစွာနဲ့ သူတို့ရဲ့တီးတိုးစကားသံက ဧကရာဇ်အဆင့် ကျင့်ကြံသူအတွက်တော့ တိုးတယ်လို့ ဆို၍မရပေ။ လူကြီးသည် မျက်နှာပျက်သွားပြီး ရွှယ်နမ်အား စိုက်ကြည့်လိုက်သည်။
YOU ARE READING
Although the trip was rough (Completed)