Although the trip was rough
🌺(14)🌺
[အိပ်မက်ကလေး]အသက်ကြီးတဲ့ အကြောင်း ပြောလိုက်တဲ့အခါ ရွှယ်နမ်ရဲ့ မခံချင်စိတ်တွေ ထွက်ပေါ်လာသည်။ သူက နှုတ်ခမ်းဆူကာ ပြောလိုက်သည်။
"အဲဒါဘာဖြစ်လဲ... ကျွန်တော်အခု အသက်၁၈... ရှို့ကောက ကျွန်တော့်ထက် ၁၀နှစ်ကျော်ကြီးတယ်ဆိုရင်တောင် ကျွန်တော်က ဂရုမစိုက်ပါဘူးနော် ကျွန်တော့်ဘဝမှာ ကျွန်တော် သဘောကျတဲ့သူကို အခုမှတွေ့ရတာ...ကျွန်တော်ကတော့ လုံးဝလက်မလျှော့ဘူး ရှို့ကောကို ကျွန်တော်က လိုက်ကပ်နေမှာပဲ"
သူက ပြောပြီးသောအခါ ချက်ချင်း ရှင်းလန်ရှို့လက်မောင်းကို လှမ်းဖက်ထားလိုက်သည်။
"ရှို့ကောကို ကျွန်တော်က ကော်လိုကပ်နေမှာ"
ရှင်းလန်ရှို့ မထိန်းနိုင်တော့ဘဲ အသံထွက် ရယ်မိသွားသည်။ ရလဒ်အနေနဲ့ သူရွှယ်နမ်ဆီကနေ မျက်စောင်းထိုးခံလိုက်ရပြီး။
"ဘာလဲလို့?"
"မဟုတ်ပါဘူး... မင်းက ကလေးလိုပဲ အရမ်းချစ်ဖို့ကောင်းတယ်ထင်လို့"
"ဟွန်း ကျွန်တော်က မွေးကတည်းက ချစ်ဖို့ကောင်းပြီးသား .... ရှို့ကောသာ မျက်စိပြန်ကောင်းလာရင် ကျွန်တော့်ကို လက်မလွှတ်ချင်တောင် ဖြစ်သွားဦးမယ်"
သူ့ကိုယ်သူ အရမ်းတွေဂုဏ်ဆာနေသော ကောင်လေးကို ရှင်းလန်ရှို့လည်း ခေါင်းခါ၍သာ လက်လျှော့လိုက်ရသည်။
အော့ရွှမ် ပြန်လာသောအခါ ရွှယ်နမ်က ရှင်းလန်ရှို့အနားမှာ ပူးကပ်ပြီးထိုင်နေတာကို အံ့သြစွာ တွေ့ရလေသည်။ သူထွက်မသွားခင်ကတင် ရွှယ်နမ်က ရည်းစားက စွန့်ပစ်ခံလိုက်ရတဲ့ မျက်နှာနဲ့ စိတ်ဓာတ်ကျနေခဲ့တာလေ။ ဒီလောက်မြန်မြန်ကြီး တိုးတက်သွားတယ်တဲ့လား။
"ရွှမ်ကော.... ဝါး....ယုန်သားလား?"
"အင်း ဟုတ်တယ်?"
အော့ရွှမ်ယူလာတဲ့ ယုန်သားက အရေစုပ်ပြီးသားဖြစ်လို့ ရွှယ်နမ်သည် သူ့အိတ်ရှုံ့လေးထဲကနေ ဟင်းခတ်အမွှေးအကြိုင်များကိုထုတ်ကာ ယုန်သားကင်ဖို့ လုပ်လိုက်သည်။ အော့ရွှမ် ရွှယ်နမ်ကို လက်လှမ်းတို့ပြီး တစ်ဖက်မှာ ထိုင်နေသူကို မေးငေါ့ပြသည်။
YOU ARE READING
Although the trip was rough (Completed)