Although the trip was rough
(44)
[ရွှယ်ပိုင်ဟယ့်နဲ့ ပိုင်ရှစ်ရဲ့သား]ရှင်းလန်ရှို့၏ လက်ချောင်းထိပ်ပေါ်တွင် စိတ်စွမ်းအင်နဲ့ ပြုလုပ်ထားတဲ့ လိပ်ပြာတစ်ကောင်က အတောင်တို့ကို နူးညံ့စွာ လှုပ်ရှားရင်း အနားယူနေသည်။ ရွှယ်နမ် ပွင့်နေတဲ့ ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်သောအခါ လိပ်ပြာက ပျောက်သွားပြီ။
"အဲဒါဘာလဲ...."
"အသံပို့လိပ်ပြာ..."
"အသံပို့လိပ်ပြာလား? ကျွန်တော်တော့ ဘာမှမကြားရပါလား?"
"အသံပို့လိပ်ပြာက စိတ်စွမ်းအင်နဲ့ လုပ်ရတာ။ သူက လက်ခံမယ့်သူကိုပဲ အသံကြားခွင့်ပေးတယ် တောင်ပိုင်းမှာဆို တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ချင်ရင် ဒီနည်းလမ်းကိုပဲ သုံးကြတယ်.... သူကလုံခြုံတယ်လေ"
"ရှို့ကော ကျွန်တော့်ကိုသင်ပေး..."
"ဟင်းအိုးကိုကြည့်ဦး..."
"ဪ အင်း...."
ပွတ်နေတဲ့ စွပ်ပြုတ်ထဲကို နူးအောင်ပြုတ်ထားတဲ့ ငါးတွေကိုထည့်လိုက်သည်။ သူ့ရဲ့ဟင်းချက်လက်ရာကို ယုံကြည်တာကြောင့် အလုပ်သမားတွေ စားပြီးရင် အားရှိသွားမှာ သေချာလေ၏။ သူကုသစွမ်းအင်လည်း နည်းနည်း ထည့်ထားသေးတယ်လေ။
"ဘယ်သူက ရှို့ကောကို စာပို့လိုက်တာလဲ?"
"မင်စန်း....သူပြောတာ သူတို့မိသားစုထဲမှာ မင်းကိုအန္တရာယ်ပေးချင်တဲ့သူ ရှိနေတယ်တဲ့... ကိုယ့်ကိုသတိထားဖို့ သတင်းပေးတာ ကြည့်ရတာ ကိုယ်တို့ပေးလိုက်တဲ့ ပစ္စည်းက အသုံးဝင်တယ်ထင်တယ်"
"ဟင့်.... သေချာပေါက် အသုံးဝင်ရမှာပေါ့ ကျွန်တော်က အနစ်နာခံပေးထားရတာလေ ရှို့ကောပြောသလို အနာဂတ်မှာ သူက ကျွန်တော်တို့နဲ့ မဟာမိတ်သာ ဖြစ်မလာခဲ့ရင် ကျွန်တော်ကအဖိုးအခ ပြန်ယူမှာ"
ရှင်းလန်ရှို့အံ့သြသွားသည်။ ကျွိကုန်းက အော့ရွှမ်ကြောင့် သေသွားရတယ်ဆိုတာကို သူလေးမေ့နေပုံပင်။
ရွှယ်နမ်သည် စွပ်ပြုတ်ခပ်ထားတဲ့ ဇွန်းနဲ့အတူ အပြင်ဘက်ကို ပြေးထွက်လာသည်။
YOU ARE READING
Although the trip was rough (Completed)