🌺EP (39)🌺လော့ရင်းဝူ

1.3K 191 10
                                    

Although the trip was rough

(39)🌺
[လော့ရင်းဝူ]

"ဘာတွေလာပြောနေတာလဲ.... ကျွိကုန်းက နင်တို့သတ်လို့သေသွားတာ!!! ဘာကိုကူညီမှာလဲ!!"

သူမဟာအငြိမ်မနေတော့ဘဲ စတင်အော်ဟစ်တော့သည်။

"ရှင်းလန်ရှို့....ငါသေသွားရင်တောင် နင့်ကိုလိုက်သတ်နေမှာ..."

သူမ၏အော်သံအဆုံးတွင် ရုတ်တရက် လေလှိုင်းတစ်ခုက ဖြတ်သန်းလာလေ၏။ စွမ်းအင်လှိုင်းသည် သည်းမခံနိုင်တော့တဲ့ ပိုင်လျို့ထံမှ။ ပိုင်လျို့အနောက်တွင် ပိုင်ဝူးကလည်း ထောက်ပံ့ပေးနေသည်။

ပိုင်လျို့ထုတ်လွှတ်လိုက်တဲ့ လေလှိုင်းကို ရှင်းလန်ရှို့မှ ကာကွယ်လိုက်သည်။ ကောင်းကင်အဆင့်ဆိုတာ ဖြုံလောက်စရာပင်။ မင်စန်းဘေးကို လွင့်သွားသလို ရှင်းလန်ရှို့တို့ သုံးယောက်လည်း ရပ်နေရာမှ တစ်နေရာသို့ ဆုတ်သွားရသည်။

"ရှို့ကော...."

"အားနမ်နောက်မှာပဲနေ!! သူက ကောင်းကင်အဆင့် ကြယ်၃ပွင့်!!"

ပြောပြီးတဲ့အချိန်တွင် လေးလံကြီးမားသော ဓားတစ်လတ်သည် ဝိညာဥ်စွမ်းအင်များကို အလုံးအရင်း ယူဆောင်ကာ ရှင်းလန်ရှို့တို့ သုံးယောက်ဆီ ပြေးလာပေ၏။ ရှင်းလန်ရှို့ အကာအကွယ် စက်ကွင်းကို ဖန်တီး၍ ဓားကိုတားထားလိုက်သည်။

အစီအရင်စက်ကွင်းက နှင်းဝံပုလွေအိမ်တော်က လူတွေအဖို့ မမြင်ဖူးသော အစီအရင်တစ်ခု ဖြစ်လေသည်။ ပိုင်လျို့ မျက်နှာ အစိမ်းရောင်ပြောင်းသွားချိန် မင်စန်းသည်လည်း အံ့ဩနေပေ၏။

သူမ လွင့်သွားခဲ့သော်လည်း သိပ်မဝေးလို့ ရှင်းလန်ရှို့ရှေ့က ကြီးမားသော အစီအရင်စက်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ ရုတ်တရက် မိသားစုခေါင်းဆောင်ပြောခဲ့တာကို သတိရသွား၏။

'တောင်ပိုင်းနယ်မြေက ကျင့်ကြံသူတွေထဲမှာ ထူးခြားတဲ့ အစီအရင်တွေကို တက်ကျွမ်းသူတွေ ရှိတယ်.... တကယ်လို့ မင်းတွေ့တဲ့လူက ထူးခြားနေမယ်ဆိုရင် သူ့ကိုသတိထားတာ ကောင်းလိမ့်မယ်....'

မိသားစုခေါင်းဆောင်ရဲ့ စကားတွေကို ပြန်တွေးမိပြီး ရှင်းလန်ရှို့ကို အံ့သြစွာ ကြည့်မိ၏။ အခုမှ ပြန်တွေးမိတော့ သူနဲ့ကျွိကုန်း ရှင်းလန်ရှို့ကို သတ်ဖို့လာတုန်းကလည်း ရှင်းလန်ရှို့ ထိုအစီအရင်ကို သုံးဖူးသည်။

Although the trip was rough (Completed)Dove le storie prendono vita. Scoprilo ora