Although the trip was rough
(73)
[မဟာမိတ်လုပ်လို့ရသေးတယ်]မိုးမခစံအိမ်သည် လေလံပွဲတွေအပြင် ထိုကဲ့သို့သော ဝန်ဆောင်မှုကိုလည်း လုပ်ပေးကြလေရာ တန်သိုက်မြို့တွင်သာမက တခြားမြို့နဲ့ ကျင့်ကြံသူများကြားထဲအထိပါ ကျော်ကြားလေသည်။
လက်ရှိတွင် မော့ထန်းအိမ်တော်ကို ကပ်ဘေးဆိုက်စေသူအဖြစ် နာမည်ကြီးနေသူများ မိုးမခစံအိမ်ဆီ ရောက်လာသောအခါ လူတိုင်းက သူတို့နှစ်ယောက်ကိုသာ အာရုံစိုက်နေကြတော့သည်။
"အဲဒါသူတို့မလား?"
"ဟုတ်တယ် ဟုတ်တယ်... အဲဒါ ရွှယ်နမ်နဲ့ ရှင်းလန်ရှို့ပဲ။ မနေ့ညက သခင်ရွှယ်က သူတို့ကမကြာခင် စေ့စပ်တော့မယ်လို့ ကြေညာလိုက်သေးတယ်လေ"
"အဲဒါကို ငါလည်းကြားလိုက်တာ...ဘယ်လိုပဲပြောပြော သူတို့က လိုက်ဖက်ပါတယ်"
"အွန်း ဟုတ်တယ်.... လူငယ်စုံတွဲတွေက ဘယ်လိုဖြစ်ဖြစ် ကြည့်ကောင်းကြပါတယ်"
ရွှယ်နမ်သည် အလွန်ကျေနပ်သော အပြုံးနှင့် ထိုလူတွေဘေးကနေ ကျော်ဖြတ်သွားလိုက်သည်။ သူက မိုးမခစံအိမ် အပေါ်ဆုံးအထပ်က လက်မှုပညာရှင်ဆီ တိုက်ရိုက်တက်သွားလိုက်၏။
လက်မှုပညာရှင်က ပစ္စည်းလာအပ်သူတွေကို မျက်နှာထွက်ပြလေ့ မရှိသော်လည်း ရွှယ်မျိုးရိုးဆိုတဲ့ အသံကြားတာနဲ့ သူက ချက်ချင်းထွက်လာတွေ့လေသည်။
လက်မှုပညာရှင်သည် အသက်လယ်ပိုင်း လူကြီးတစ်ယောက်ဖြစ်ပြီး သူ့နာမည်ကတော့ ထျန်ချုံဟု ခေါ်လေ၏။ သူက ရွှယ်နမ်တို့ကို ရင်းရင်းနှီးနှီး ကြိုဆိုရင်း ဘယ်လိုပုံစံ လိုချင်ကြောင်း မေးသည်။
ရှင်းလန်ရှို့ကလည်း သူဆွဲထားတဲ့ ပုံစံလေးကို ထုတ်ပြလာသည်။ စာရွက်ပေါ်က ပုံကိုမြင်သော် ထျန်ချုံသာမက ရွှယ်နမ်လည်း မျက်လုံးပြူးပြူးလေး ဖြစ်သွား၏။
ထျန်ချုံ - "ဒါက အရမ်းကို လက်ရာမြောက်တဲ့ ပန်းချီကားတစ်ချပ်နဲ့တောင် တူနေတယ်"
ရှင်းလန်ရှို့က လိုချင်တဲ့ပုံစံကို စက်ဝိုင်းပုံစံမျိုး ရေးဆွဲပေးထားသည်။ စက်ဝိုင်းကို ဖြစ်စေသောအရာမှာ အမြှီးကိုးချောင်း မြေခွေးဖြူဖြစ်သော်လည်း မြေခွေးရဲ့ အမြှီးအဆုံးသတ်တွင် ရွှေရောင်ဖြစ်သည်။
CZYTASZ
Although the trip was rough (Completed)