🌺EP (23)🌺အတိတ်ကဆီးပန်းပင်

1.4K 192 1
                                    

Although the trip was rough

(23)🌺
[အတိတ်ကဆီးပန်းပင်]

ရွှယ်နမ် သူသတ္တိကြောင်မိတာကို သူ့ကိုယ်သူ ပြန်သတိပြုမိသွားသည်။

"ကျွန်တော် ဘာမှမဖြစ်ပါဘူး"

"ကြောက်လို့လား?"

ရွှယ်နမ် တောင့်တင်းသွားသည်။ သူကြောက်တယ်လို့ ပြောလိုက်ရင် ရှင်းလန်ရှို့က သူ့ကိုအထင်သေးသွားမှာကိုလည်း ကြောက်ရ၏။ သူတို့ယိရှောင်မြို့က ထွက်လာတော့ မြွေကြောက်လို့ တောလမ်းကနေ မသွားရဲကြောင်း ပြောခဲ့ဖူးသည်လေ။

သူတိတ်ဆိတ်နေတော့ ရှင်းလန်ရှို့က ရွှယ်နမ်လက်ဖမိုးကို သူ့လက်မဖြင့် ပွတ်သပ်ပေးလာသည်။

"ကိုယ်ရှိတယ်.... မကြောက်နဲ့"

"အင်း"

သူသိပ်မကြောက်ပေမယ့် ရှင်းလန်ရှို့ရဲ့ အားပေးစကားက သူ့ကိုလုံးဝမကြောက်တော့အောင် ခွန်အားတွေပေးနိုင်၏။ သူတို့နှစ်ယောက် ကျိနှောင်အနောက်ကနေ ကျီးဖြူအိမ်ဟောင်းထဲ ဝင်လာခဲ့သည်။

ရွှယ်နမ် အနောက်ပြန်လှည့်၍ တံခါးပိတ်ပြီး ပြန်လှည့်သော် ခြံဝန်းတစ်ခုလုံး သစ်ရွက်အမှိုက်တွေနဲ့ ရှုပ်ယှက်ခတ်နေတာကို တွေ့လိုက်ရလေသည်။ တစ်ဝိုင်းလုံးက ဖုန်တွေအပြည့်ပင်။ ရွှယ်နမ်တို့အတွက် တော်တော်ကြည့်ရဆိုးတဲ့ နေရာဖြစ်၏။

ကျိနှောင်အတွက်ကတော့ သူနဲ့မူယန့်အတွက် ပျော်ရွှင်မှု ဝမ်းနည်းမှု ဒေါသထွက်ခြင်း စသည့် စုံလင်လှသော ခံစားချက်တွေကို ခဏအတွင်း ပြန်အမှတ်ရလာစေသည်။ ဒီနေရာက သူမွေးဖွားကြီးပြင်းလာတဲ့ နေရာ။

ဒီနေရာမှာ သူ့မိသားစုနဲ့ သူချစ်ရသူနေခဲ့သည်။ ပြန်စဥ်းစားကြည့်ရင် အားလုံးက မနေ့တစ်နေ့ကလို့ ထင်ရပေမယ့် ဘယ်သူမှအိမ်တော်ထဲမှာ မရှိကြတော့ချေ။

ရွှယ်နမ် - "ရှို့ကော... မူယန့်ဝိညာဥ်ကို ခံစားမိလား?"

"အင်း"

ရွှယ်နမ်ရဲ့ အမေးစကားက ကျိနှောင်အား အတိတ်ကိုလွမ်းဆွတ်နေရာမှ သတိပြန်လည်လာစေသည်။

"သူဘယ်မှာလဲ?"

သူချက်ချင်းလှည့်မေးလိုက်၏။ မူယန့်ရဲ့ဝိညာဥ် ဘယ်နေရာမှာလဲ ဆိုတာကို ရွှယ်နမ်ထက် ပိုသိချင်မိတာ မထူးဆန်းချေ။ မူယန့်က သေသွားတဲ့ ကျိနှောင်ရဲ့ချစ်သူပဲလေ။

Although the trip was rough (Completed)Where stories live. Discover now