Although the trip was rough
🌺(9)🌺
[သေဆုံးသူ၏မိသားစု]ရှင်းလန်ရှို့တို့ ပထမဆုံး မနက်ကသေသွားသော လူရဲ့အခန်းကို တိတ်တဆိတ် ဝင်လာခဲ့ကြသည်။ တံခါးဖွင့်ပြီး မဝင်ချင်တာကြောင့် အော့ရွှမ်အကူအညီနဲ့ နံရံကိုသာ တိုက်ရိုက်ဖြတ်လာခဲ့သည်။
လူသေထားတဲ့ အခန်းထဲရောက်တာနဲ့ ရွှယ်နမ် ရှင်းလန်ရှို့ရဲ့ လက်မောင်းက အင်္ကျီစကို ဆုပ်ထားလိုက်၏။ သူ ရှင်းလန်ရှို့ အနားကို ပိုတိုးကပ်သွားပြီး ကြောင်တစ်ကောင်လို အမြှီးကုတ် ကြောက်ရွံ့နေတဲ့ ပုံကိုကြည့်ပြီးတော့ အော့ရွှမ်ကသူ့ကို ခေါင်းအစခြေအဆုံး ကြည့်လာသည်။
ရွှယ်နမ် အော့ရွှမ်ကို ပြန်ကြည့်လိုက်သည်။
"အစ်ကိုရွှမ်.... ကျွန်တော့်ကို အဲ့လိုမကြည့်ပါနဲ့ ကျွန်တော်တကယ် ကြောက်နေတာ"
ရွှယ်နမ်ကပြောရင်း သူ့ညှပ်ရိုးအောက်က နေရာလေးကို ထိုးပြလိုက်၏။ ဤတော့မှ အော့ရွှမ်လည်း သဘောပေါက်သွားတော့သည်။ အဲဒီနေရာမှာ ရွှယ်နမ်ရဲ့အမေ ထည့်ပေးခဲ့တဲ့ အမြုတေရှိနေသည်။ ရွှယ်နမ် ကြောက်နေတယ်ဆိုတာကလည်း ထိုမြေခွေးမိစ္ဆာ သူ့ဆီက အမြုတေကို လာလုသွားမှာကိုပဲ။
အော့ရွှမ် 'ဪ'ဟူသည့် အဓိပ္ပာယ်ဖြင့် ခေါင်းညိတ်လိုက်ရတော့သည်။
ရှင်းလန်ရှို့သည် မျက်စိမကောင်းသော်ငြား သူ့ရဲ့နှာခေါင်းနဲ့ နားအပြင် တခြားသောနေရာက အာရုံခံမှုက အားကောင်းလေသည်။ အခန်းထဲမှာ တကယ်ပဲ မိစ္ဆာအငွေ့အသက်တွေ ပြည့်နေ၏။
ရှင်းလန်ရှို့ - "သေဆုံးသူရဲ့ နောက်ကြောင်းကို ကြားမိသေးလား?"
အော့ရွှမ် - "ငါသိတယ် သူက နှင်းဝံပုလွေအိမ်တော်က တပည့်ငယ်လေးတဲ့.... ကျောင်းကနေ ခွင့်ရလို့ မြို့ထဲကိုလာပျော်ပါးတာဆိုပဲ အောက်ကလူတွေ ပြောနေကြတာတော့ အဲဒီကောင်လေး ရောက်နေတာ သုံးရက်လောက်ရှိပြီ....ပြီးတော့ ညတိုင်းလည်း အပြင်ထွက်တတ်တယ်တဲ့"
"အပြင်ထွက်တယ်?"
ရွှယ်နမ် သူတို့နှစ်ယောက်ကို တစ်လှည့်စီကြည့်ကာ။
YOU ARE READING
Although the trip was rough (Completed)