🌺EP (17)🌺ကျီးဖြူမြို့ကိုဝင်ရောက်ခြင်း

1.5K 191 8
                                    

Although the trip was rough

🌺(17)🌺
[ကျီးဖြူမြို့ကိုဝင်ရောက်ခြင်း]

"ရှို့ကော.... ဒီရွှေရောင်ကြိုးလေးက ဘာလဲဟင်"

"အစီအရင်ကြိုး...ဒါက ကိုယ့်မျိုးနွယ်ရဲ့ အမွေအနှစ်တစ်ခု"

"ဝါး.... ရှို့ကောရဲ့အမွေအနှစ်က အရမ်းလှတာပဲ ကျွန်တော် ကိုင်ကြည့်လို့ရလားဟင် အဆင်မ​ပြေလည်း ရပါတယ်လေ ကျွန်တော်ကဒီအတိုင်း သဘောကျလို့ပါ"

ရွှယ်နမ် တစ်ဖက်လူရင်ထဲထိသွားအောင် လေသံကို တမင်နှိမ့်ကာပြောလိုက်သည်။ ရှင်းလန်ရှို့က ရွှယ်နမ်လေးရဲ့ အကြံကိုမသိဘဲ ဘယ်နေပါ့မလဲ။ အရမ်းကလေးဆန်တာပဲ။ အလိုလိုက်ချင်စရာလည်း ကောင်းလှသည်။

ရှင်းလန်ရှို့ ကြိုးကိုကိုင်ထားတဲ့ လက်ကို လှုပ်ရှားလိုက်သည်။ ကြိုးသည် ရှင်းလန်ရှို့ရဲ့ လက်ဖဝါးအလယ်ကနေ ထွက်ပြူထား၏။ ရွှေကြိုးလေးက ရွှယ်နမ်ရဲ့ခန္ဓာကိုယ်ကို ညင်ညင်သာသာ ရစ်ပတ်လာသည်။

အသိစိတ်ရှိတဲ့ မြွေလေးတစ်ကောင်လိုပဲ။ ရွှယ်နမ်ရဲ့အသားကို မထိအောင် သေချာလေး ဂရုစိုက်နေသည်။ နောက်ဆုံးမှာ ကြိုးရဲ့အစွန်းစလေးက ရွှယ်နမ်ရှေ့ကို ရောက်လာသည်။

"ဝါး.....ရှို့ကော ကျွန်တော်ထိကြည့်လို့ ရတယ်ပေါ့နော်"

"အင်း"

ရွှယ်နမ် လက်ညှိုးကလေး ထုတ်လိုက်သောအခါ ရွှေကြိုးကသူ့လက်ကို လာရစ်နေ၏။

"အဟား သူကအသိစိတ်ရှိသလိုပဲ"

"သူ့မှာဝိညာဥ်ရှိတယ်"

"တကယ်ကြီး...."

"အင်း....သူက မှော်ပစ္စည်းတစ်ခုပဲ ကိုယ်နတ်ဘုရားအဆင့်ကို ရောက်တော့ သူ့ကိုယ်ပိုင်အသိစိတ်က နိုးထလာတာ....ကိုယ်အဆင့်ကျသွားပေမယ့် သူ့အစွမ်းကတော့ လျော့မသွားဘူး ကိုယ်ကျင့်ကြံထားတွေကို သူကလုံလုံလောက်လောက် စုပ်ယူထားတာ"

"အဲဒါကြောင့် သူ့ကို စောစောကသားရဲက မခုခံနိုင်တာ ဖြစ်မယ်"

ရှင်းလန်ရှို့ ရွှေကြိုးလေးကို ပြန်သိမ်းလိုက်သည်။ သူတို့တောလမ်းကိုဖြတ်၍ ​ဖြောင့်ဖြောင့်ဖြူးဖြူး လမ်းမပေါ်ကို ရောက်သောအခါ ရုတ်တရက် ဖြတ်မောင်းလာတဲ့ ရထားလုံးတစ်လုံးနဲ့ တွေ့လေ၏။

Although the trip was rough (Completed)Where stories live. Discover now