🌺EP (65)🌺အကျဥ်းထောင်ထဲကလူ

1.2K 172 2
                                    

Although the trip was rough

(65)
[အကျဥ်းထောင်ထဲကလူ]

'ဝှစ်.....'

ဓားလွှဲသံများ။

'ဝုန်း....'

လက်ဝါးစွမ်းအင် တိုက်ခိုက်သံများ ထွက်ပေါ်လာသည်။ ကံကောင်းစွာနဲ့ အဆင့်မြင့်ကျင့်ကြံသူများ၏ အကျဥ်းထောင်နဲ့ သိပ်မဝေးသော သူတို့တိုက်ခိုက်နေသည့် နေရာသည် မော့ထန်းဂိုဏ်း၏ အစွန်းတစ်ဖက်တွင်မို့ အသံတွေကိုတော့ ကြားနိုင်ဖို့ ခက်ခဲသည်။

ကောင်းကင်အဆင့် ကျင့်ကြံသူတွေအတွက် ဆိုရင်တော့ မခက်ခဲပေ။ ထို့ကြောင့် မော့ယွီပင်း အနေနဲ့ တခြားသူတွေ ရောက်မလာခင် တစ်ဖက်လူကို ရှင်းပစ်နိုင်ဖို့လိုသည်။

ရှင်းလန်ရှို့ နဲ့ ရွှယ်နမ်တို့ ရောက်လာမှာကို အစောကြီးကတည်းက ကြိုတင်ခန့်မှန်းမိတယ်ဆိုတော့ မော့ထန်းအိမ်တော်က တခြားအရာတွေကိုလည်း ပြင်ဆင်ထားမှာပဲ။ သူ ရှင်းလန်ရှို့တို့နောက်ကို မြန်မြန်လိုက်သွားဖို့ လိုသည်။

'ရွှတ်.....'

ရေခဲငွေ့ ဓားတစ်ချောင်း ဖြတ်သန်းသွားပြီးနောက် အုတ်နံရံကြားက လေထုကလည်း ငြိမ်သက်သွားသည်။ မော့ယွီပင်း ပျောက်သွားသောအခါ လူတစ်ယောက် အလောင်းတွေနား ရောက်လာသည်။

သူက တိုက်ခိုက်သွားတဲ့ အငွေ့အသက်တွေကို ခံစားမိပြီးတော့ မျက်လုံးတို့ မှေးကျဥ်းသွား၏။

.......
ရှင်းလန်ရှို့တို့ဖက်တွင်တော့ အနီရောင်မိန်းကလေးသည် ရှင်းလန်ရှို့ရဲ့ မျက်ဝန်းတွေကို သေသေချာချာ စိုက်ကြည့်နေသည်။ ခြင်္သေ့ပါးစပ်မှ ထွက်ပေါ်လာသော ကြိုးများသည် သူမခန္ဓာကိုယ်ကို လုံးဝလှုပ်မရအောင် ချည်နှောင်ထား၏။

သူမတစ်ကိုယ်လုံး ခေါင်းကလေးသာ လွတ်သည်အထိ တစ်ကိုယ်လုံး တင်းကျပ်စွာ ချည်နှောင်ထားပုံမှာ သူမလွတ်သွားမှာကို အင်မတန် ကြောက်နေသလိုပင်။ သူမက ရှင်းလန်ရှို့ကို စိုက်ကြည့်နေတာ တော်တော်ကြာလေပြီ။

ရွှယ်နမ်လည်း သည်းမခံနိုင်တော့တာကြောင့် ရှင်းလန်ရှို့ရှေ့တွင် ရပ်လိုက်သည်။

Although the trip was rough (Completed)Tempat cerita menjadi hidup. Temukan sekarang