🌺EP (3)🌺အခြေတည်အဆင့်

1.9K 259 0
                                    

Although the trip was rough

(2)
[အခြေတည်အဆင့်]

ရွှယ်နမ်မှာ လိပ်ပြာဝင်ရိုးအိမ်တော်လို အရမ်းမြင့်မြတ်တဲ့ အိမ်တော်က သူ့ရဲ့ပေါက်စီကို ကြိုက်တယ်လို့ ပြောတာကြောင့် ရွှယ်နမ် အရမ်းဝမ်းသာသွားသည်။ သူလက်ရှိလုပ်ထားတဲ့ ပေါက်စီတွေအားလုံး ရောင်းကုန်သွားသောအခါ ရွှယ်နမ် အသစ်ထပ်မလုပ်တော့ပေ။

သူက ပစ္စည်းတွေကိုသိမ်း၊ တွန်းလှည်းလေးပေါ်တင်လိုက်သည်။

ဦးလေးချဲ့ - "အားနမ် မင်းကတော့ အရမ်းကံကောင်းနေပြီဟေ...."

ရွှယ်နမ်က ရှက်ရွံ့သွားသော ပုံစံဖြင့် ခေါင်းကုတ်လိုက်ကာ။

"ဦးလေးချဲ့လည်း ကျွန်တော့်လို ကံကောင်းပါစေဗျာ...."

"ဟားဟားဟား ဟုတ်ပါပြီ ဟုတ်ပါပြီ..."

ရွှယ်နမ် ပစ္စည်းတွေအကုန် သိမ်းပြီးသွားသောအခါ။

"ရှို့ကောကော (ကိုကိုရှို့) ကျွန်တော် လိုအပ်တာတွေ သွားဝယ်ရမှာ ဒီမှာခဏနေခဲ့မလား ဒါမှမဟုတ်.... "

"ကိုယ်လိုက်ခဲ့မယ်"

"ကောင်းပြီ"

ရွှယ်နမ် ရှင်းလန်ရှို့ရဲ့အဝတ်စလေးကို အသားလေးဆုပ်ကာ ထွက်လာခဲ့သည်။ ရွှယ်နမ်သည် ဖော်ရွေယဥ်ကျေးသော ကောင်လေးဖြစ်သော်လည်း ရှင်းလန်ရှို့လို ကျင့်ကြံသူတစ်ယောက်ကိုတော့ ရှိန်လေ၏။ သူ ရှင်းလန်ရှို့ကို လက်မဆွဲရဲဘူး။

သူတို့စျေးထဲ လျှောက်လာခဲ့စဥ် တစ်စုံတစ်ယောက်က စောင့်ကြည့်နေသလို ခံစားချက်မျိုး ဝင်လာလေသည်။ ရွှယ်နမ် လုံးဝသတိမထားမိပေမယ့် ရှင်းလန်ရှို့ကတော့ သာမန်လူမဟုတ်ဘူးလေ။

သူ့မှာ ကျင့်ကြံထားတဲ့စွမ်းအင်တွေ မရှိတော့ပေမယ့် ကျင့်ကြံထားဖူးတဲ့ ခန္ဓာကိုယ်လည်း ရှိသည်။ နားစွင့်လိုက်တာနဲ့ တစ်ဖက်လူရဲ့ နှလုံးခုန်နှုန်းကအစ ခြေသံအဆုံး သူသတိထားမိ၏။

"ရွှယ်နမ်.... မင်းဆီစောစောကလာတဲ့ အမျိုးသမီးက မကြာခဏ လာနေကျလား"

"အွန်း ဟုတ်တယ်.... အန်တီမာစစ်က ငါးရက်မှာ နှစ်ရက်လောက်က ကျွန်တော့်ဆီက ပေါက်စီတွေဝယ်စားတယ်လေ... လိပ်ပြာဝင်ရိုးမှာ အကြီးအကဲတွေ အများကြီးရှိတယ် အန်တီမာစစ်က သခင်မ၉ရဲ့ လက်အောက်ကလေ"

Although the trip was rough (Completed)Where stories live. Discover now