Although the trip was rough
(83)
[ယင်းဝူရဲ့အမြည်းရှာဖွေခြင်း]ကြယ်တာရာနန်းတော်က လွှတ်လိုက်သူတွေကို သုတ်သင်ပြီးသောအခါ ရှင်းလန်ရှို့တို့နှစ်ယောက် တောအုပ်ထဲကို ရောက်လာခဲ့သည်။ သူတို့နှစ်ယောက် ဝိညာဥ်ကုန်းမြေကို ဝင်နိုင်ဖို့ နည်းလမ်းရှာရမည်။
"အားနမ်...."
ရွှယ်နမ် ရုတ်တရက် သူ့လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်တာကြောင့် ရှင်းလန်ရှို့ စိတ်ပူသွားသည်။
"ဘာဖြစ်တာလဲ?"
"ကျွန်တော်..... "
ရှင်းလန်ရှို့ လျင်မြန်စွာ ရွှယ်နမ့်လက်ကောက်ဝတ်ပေါ်က အဝတ်တွေကို ဆွဲတင်ကြည့်လိုက်သည်။ လက်ကောက်ဝတ်ပေါ်မှာ အနက်ရောင် အငွေ့နဲ့ ဓားခြစ်ရာလို ဒဏ်ရာတစ်ခုရှိနေ၏။
အနက်ရောင်အငွေ့က အဆိပ်ပင်။ ရွှယ်နမ်လည်း ကျန်တဲ့လက်တစ်ဖက်ဖြင့် ကုသစွမ်းအင်ကိုထုတ်ကာ ကုသလိုက်သည်။
"စောစောက ဟိုငါးယောက်နဲ့ တိုက်ခိုက်နေတုန်း အဆိပ်အပ်တချို့ ထွက်လာသေးတယ်.... ကျွန်တော် ခုခံလိုက်ပေမယ့်..."
"....."
"ရှို့ကော...."
ရှင်းလန်ရှို့ အသံတိတ်နေသည်။ သူက နတ်ဘုရားအဆင့်ပဲ။ ချောင်းတိုက်တဲ့သူရှိရင် သူကအရင်သိရမှာ မဟုတ်လား။ သူမသိအောင်ပုန်းပြီး ရွှယ်နမ်ကို တိုက်ခိုက်နိုင်တယ်ဆိုတော့ တစ်ဖက်လူက နတ်ဘုရားအဆင့်သာ ဖြစ်နိုင်သည်။
နတ်ဘုရားအဆင့်က အဆိပ်အပ်ကို သုံးတယ်။ သူက အဆိပ်အပ်နဲ့ တိုက်ခိုက်ပေမယ့် ပြင်းပြင်းထန်ထန် မတိုက်ခိုက်ခဲ့ဘူး။ အဲဒါက ထိုလူဟာ သူသိသွားမှာကို ကြောက်လို့မဟုတ်ရင် လောလောဆယ် ရွှယ်နမ်ကို မသေစေချင်သေးလို့ပဲ။
ရှင်းလန်ရှို့ လက်တစ်ဖက် ဝေ့ယမ်းလိုက်သည်။
"အား......"
အသံတစ်သံနဲ့အတူ လေထဲတွင် လူတစ်ယောက် ပေါ်လာပြီး မြေကြီးပေါ် မညှာမတာ ပစ်ချခံလိုက်ရသည်။ ရွှယ်နမ် ကြောင်တောင်တောင်လေးနဲ့ ကြည့်လိုက်တော့ ထိုလူက မိန်းကလေးတစ်ယောက် ဖြစ်နေ၏။
YOU ARE READING
Although the trip was rough (Completed)