Although the trip was rough
(69)
[မထိုက်တန်ခဲ့ဘူး....]နူးညံ့တဲ့ အနမ်းတစ်ပွင့်ကို ရရှိလိုက်မှ ရွှယ်နမ်ရဲ့ငိုချင်စိတ်တွေဟာလည်း မြူမှုန်လေးတွေလို ပျောက်ကွယ်သွားတော့သည်။ သူက မျက်တောင်ကလေးတွေကို ပုတ်ခတ်ရင်း ရှင်းလန်ရှို့ကို ကြည့်နေ၏။
"ကျွန်တော်....."
ရှင်းလန်ရှို့ သူ့နှုတ်ခမ်းတွေကို ထပ်ပြီး သိမ်းပိုက်သွားသည်။
"ရှို့ကော...."
"ကိုယ်ရဲ့မွေးရပ်ဇာတိမှာ ကိုယ်တို့ရဲ့လက်ထပ်ပွဲကို ကျင်းပမယ်"
ရွှယ်နမ်မျက်လုံးတွေ တောက်ပသွားသည်။ ရှင်းလန်ရှို့ကသူ့ကို လက်မထပ်ချင်တာ မဟုတ်ဘူး။ လက်ထပ်မယ့်အကြောင်း ပြောလိုက်လို့ အရမ်းအံ့သြသွားပြီး သူ့ကိုကြောင်ကြည့်နေခဲ့တာပဲ။ ရှင်းလန်ရှို့က အရမ်းကို အံ့သြနေခဲ့တာ။
ရွှယ်နမ် မျက်လုံးတောက်တောက် ပြုံးစိစိနဲ့ ရှင်းလန်ရှို့ကိုဖက်ရင်း သူ့မေးကို ရှင်းလန်ရှို့ရင်ဘတ်တွင် တင်ထားလိုက်သည်။ ပြီးနောက် ရှင်းလန်ရှို့ကို မော့ကြည့်ရင်း။
"အခုကျွန်တော့်ကို ရှို့ကောရဲ့ မွေးဇာတိအကြောင်း ပြောပြချင်စိတ်ရှိပြီလား?"
ရှင်းလန်ရှို့ ကောင်လေးရဲ့ခါးကို တင်းတင်းဖက်ထားလိုက်သည်။
"ကိုယ် အစောကြီးကတည်းက ပြောပြချင်ခဲ့ပါတယ်ကွာ....ကိုယ့်အဖေက ဂိုဏ်းချုပ် ကိုယ့်ပါးပါးက နတ်မျိုးနွယ်.... သူတို့က ကိုယ်ဝန်ဆောင်ဆေးလုံး အကူအညီနဲ့ ကိုယ့်ကိုမွေးလာခဲ့တာ။ ပါးပါးမှာ ငွေရောင်ဆံပင်တွေ ရှိတယ်... ကိုယ့်အဖေက ရေပြာတောင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီး.... ကျင့်ကြံခြင်းလောကမှာ သူ့ကို ဂိုဏ်းချုပ်လန်လို့ လူသိများတယ်"
"ဆိုတော့ ရှို့ကောရဲ့အိမ်က ရေပြာတောင်ဂိုဏ်းပေါ့?"
"အွန်း....ကိုယ်တို့အိမ်မှာ အပြာရောင် ရေတံခွန်ကြီးရှိတယ် လွန်ခဲ့တဲ့ နှစ်၃၀ ကျော်လောက်ကစပြီး ရေပြာတောင်ဂိုဏ်းက ကျင့်ကြံခြင်းလောကထဲ ပြန်မဝင်တော့ဘူး....အဲဒါက အခုထိပဲ"
YOU ARE READING
Although the trip was rough (Completed)