Although the trip was rough
(68)
[ခေါင်းဆောင်၂ရဲ့ အကြံအစည်တွေ]မော့ယွီပင်း ပြောလိုက်သည်။
"မော့ဟန်ကို တကယ်ပဲ ကျွန်တော်သတ်လိုက်တယ်လို့ ထင်နေတာလား? ဦးလေး၁..."
"....."
"ကျွန်တော် အသက်၁၀နှစ်ကစပြီး မသေခင်အထိ ဦးလေးကပဲ ကျွန်တော့်ကို သင်ကြားပျိုထောင်ပေးခဲ့တာ ကျွန်တော့်အကြောင်းကို အဖေ့ထက် ဦးလေးကတောင် ပိုသိသေးတယ်...ကျွန်တော့်ကို သေစေခဲ့သူကို ကျွန်တော်က ဒီအတိုင်း လွယ်လွယ်နဲ့ သေခွင့်ပေးလိုက်မယ် ထင်နေလား?"
မော့ယွီပင်းအသံက အင်မတန် တည်ငြိမ်လှသည်။ ခေါင်းဆောင်၁လည်း ငြိမ်သွား၏။ မော့ယွီပင်းပြောသလိုပဲ သူ မော့ယွီပင်းအကြောင်းကို ကောင်းကောင်းသိသည်။
မော့ယွီပင်း အသက်၁၅နှစ်လောက်တုန်းက သားရဲတစ်ကောင်ကြောင့် ဒဏ်ရာရသွားခဲ့ဖူးသည်။ ဒဏ်ရာပြန်ကောင်းသည်နှင့် မော့ယွီပင်းက သားရဲတောထဲ ပြန်သွားကာ ထိုသားရဲကို တွေ့အောင်ရှာပြီး အလောင်းပြန်သယ်လာခဲ့၏။
သေချာပေါက် သူ့စိတ်နဲ့ဆို မော့ဟန်က လွယ်လွယ်နဲ့ သေသွားမှာမဟုတ်ဘူး။
မော့ယွီပင်း ခေါင်းဆောင်၂ကို ကြည့်လိုက်သည်။
"သေချာပေါက် တစ်ယောက်ယောက်က ကျွန်တော်အသက်ရှင်နေတာကို သိပြီး ကျွန်တော်သတ်တာလို့ နာမည်ထုတ်ချင်နေပုံပဲ ဟုတ်တယ်မလား? ခေါင်းဆောင်၂..."
ထိုအခါ အားလုံးက ခေါင်းဆောင်၂ကို ကြည့်လိုက်ကြသည်။
ခေါင်းဆောင်၂က ပြုံး၍ - "မင်း အရမ်းဉာဏ်ကောင်းတာက ငါ့ကိုကသိကအောင့် ဖြစ်စေတယ်...."
ခေါင်းဆောင်၁မျက်နှာက ခက်ထန်သွားသည်။
"မော့ဟန်ကို မင်းသတ်တာလား!!"
မော့ယွီပင်း - "မော့ဟန်ကို သတ်ရုံတင်ဘယ်ဟုတ်မလဲ ကျွန်တော့်ကို အဆိပ်ခတ်ဖို့ လုရှုန်းဆီအဆိပ်ရောက်အောင် မော့ဟန်ကို သိမ်းသွင်းခဲ့တာလည်း သူပဲလေ....ကျွန်တော် နဲ့ မော့ဟန်ကို သူဘာကြောင့် သတ်ချင်နေတယ်ထင်လဲ?"
ESTÁS LEYENDO
Although the trip was rough (Completed)