🌺EP (28)🌺ကိုယ်စည်းကျော်မိသွားလား

1.5K 197 1
                                    

Although the trip was rough

🌺(28)🌺
[ကိုယ်စည်းကျော်မိသွားလား]

ရှင်းလန်ရှို့က သူ့အတွက် ဒီအန်းကျင့်ဝိညာဥ်ဆေးပင်ကို ဝယ်ခဲ့တာကိုသိတော့ အရမ်းဝမ်းသာပေမယ့် သူမယူရဲသေးပေ။ ဒီဆေးပင်ထဲက စွမ်းအင်တွေကို သူစုပ်ယူပစ်ရမှာ အရမ်းတန်ဖိုးမြင့်လွန်းသည်။

ရွှယ်နမ် ကြေးနီသေတ္တာလေးကို မယူသေးဘဲ သူ့အဝတ်ကိုသာ လက်ချောင်းတွေနဲ့ လုံးချေနေမိသည်။

"ရှို့ကော... ဒါက အရမ်းတန်ဖိုးကြီးတယ် ကျွန်တော် လက်ခံရမှာ အရမ်းအားနာတယ်..."

ရှင်းလန်ရှို့က ရယ်လိုက်သည်။

"ကိုယ့်ကိုဘယ်မှာ အားနာနေစရာရှိလို့လဲ?"

"ကျွန်တော် ကျွန်တော်...."

"ကိုယ်နဲ့ကျိဖုံး တိုက်ခိုက်တုန်းက ဒဏ်ရာရသွားတယ်... အဲဒါကို မင်းကမြန်မြန်လေးပဲ ကုသသွားနိုင်တယ် ဒါတောင်မင်းက အခြေတည်အဆင့်လေးပဲ ရှိသေးတာ... ဒီထက်သာ အားကောင်းလာရင် ကိုယ့်ကိုအများကြီး ကူညီနိုင်မှာ... ကိုယ့်ကိုမကူညီချင်ဘူးလား?"

ရွှယ်နမ် ကြေးနီသေတ္တာလေးကို ဇတ်ကနဲ ဆွဲယူလိုက်သည်။

"ကျွန်တော် သဘောပေါက်ပြီ ကျွန်တော် လက်ခံပါ့မယ်...."

တစ်ဖက်လူ လက်ခံတော့ ရှင်းလန်ရှို့လည်း ပြုံးရွှင်သွားသည်။ သူကတစ်ဆက်တည်း ​ပြောလာ၏။

"အနာဂတ်မှာ ကိုယ်မင်းအတွက် ဝယ်ပေးချင်ရင် ဝယ်ပေးမိဦးမှာ.... အဲဒီအခါလည်း အားနာနေစရာ မလိုဘူးနော်"

"ဟုတ်..."

အသံကလေးက သူဘယ်လောက် ပျော်ရွှင်တက်ကြွနေကြောင်း သိသာစေသည်။ ရွှယ်နမ် လက်ချောင်းတွေနဲ့ သေတ္တာလေးကို ပွတ်သပ်ရင်း ပြုံးနေ၏။ ရှင်းလန်ရှို့က သူ့ကိုလက်ဆောင်ထပ်ပေးပြန်ပြီ။

ရှင်းလန်ရှို့ပေးတဲ့ လက်ဆောင်တွေကို သူတစ်ဝကြီး သိမ်းထားချင်သော်လည်း ရှင်းလန်ရှို့က ဝိညာဥ်ဆေးပင်တွေပဲ ပေးနေသည်။ သူ့မှာ သိမ်းထားစရာဆိုလို့ သိုလှောင်အိတ်ရှုံ့လေးသာ ရှိသည်။

"ရှို့ကော...."

"ဟင်..."

"ကျွန်တော့်ကို ဘာလို့ရုတ်တကြီး ဒီဆေးပင်ဝယ်ပေးချင်သွားတာလဲဟင်? ကျွန်တော့ကို အင်အားကြီးလာစေချင်တဲ့ ဆန္ဒတစ်ခုတည်းလားဟင်?"

Although the trip was rough (Completed)Dove le storie prendono vita. Scoprilo ora