🌺EP (85)🌺ဝိညာဥ်ကုန်းမြေထဲသို့

1.2K 168 4
                                    

Although the trip was rough

(85)
[ဝိညာဥ်ကုန်းမြေထဲသို့]

ရှင်းလန်ရှို့ကို ခဏခဏတွယ်ကပ်နေတဲ့ ရွှယ်နမ်ကိုကြည့်ပြီး ယင်းဝူ တော်တော်လေး မျက်စိနောက်နေ၏။ ထို့ကြောင့် သူရွှယ်နမ်ကိုအထင်သေးစွာ နှာမှုတ်လိုက်သည်။

ထိုအရာကိုသိတဲ့ ရွှယ်နမ်ကလည်း လျှာထုတ်ပြီး ပြန်ပြောင်သည်။ ယင်းဝူက သူ့ကိုမျက်လုံးပြူးပြသော် ရွှယ်နမ်က မျက်ဖြူပြန်လှန်ပြရင်း ရှင်းလန်ရှို့လက်မောင်းကိုလည်း ဖက်ပြလိုက်သည်။ ရှင်းလန်ရှို့က သူ့အပိုင်။

အသေးစားတိုက်ပွဲကို သတိထားမိပေမယ့် ရွှယ်နမ်ရဲ့ ချစ်စရာကောင်းနေတဲ့ အမူအရာတွေကို ရှင်းလန်ရှို့ အလှထိုင်ကြည့်နေသည်။

"ဟင့်....ရှို့ကော ကျွန်တော်အိပ်ချင်ပြီ"

"ကောင်းပြီ"

ရှင်းလန်ရှို့ သိုလှောင်လက်စွပ်ထဲက ခေါင်းအုံးတစ်လုံးကိုထုတ်၍ သူ့ပေါင်ပေါ်တင်လိုက်သော် ရွှယ်နမ်က ထိုခေါင်းအုံးပေါ် အသင့်ပဲလှဲချလိုက်သည်။ ယင်းဝူမှာ ထိုနှစ်ယောက်ကိုကြည့်ပြီး အံ့သြ ပါးစပ်ဟောင်းလောင်းလေးဖြင့်။

ကျီးယွမ်ကတော့ နားလည်သူပီပီ ခေါင်းငုံ့၍သာ ပြုံးနေသည်။ ရှင်းလန်ရှို့ကတော့ အနှီဘေးလူ နှစ်ယောက်ကို လုံးဝမှဂရုမစိုက်ဘဲ သူ့ဝတ်ရုံကိုထုတ်၍ ရွှယ်နမ်ကိုယ်ပေါ် လွှားပေးလိုက်သည်။

"ဒီမှာ လန်ရှို့.... "

ရှင်းလန်ရှို့ ယင်းဝူကိုကြည့်လိုက်သည်။

"အင်း"

"မင်း အဲဒီမြွေပေါက်စကို ကလေးလို အလိုလိုက်နေတာလား? မင်းအဲ့လိုသာ ဆက်ပြီး အလိုလိုက်မယ်ဆိုရင် သူမင်းအပေါ်ပိုပိုပြီး ဆိုးသွမ်းလာလိမ့်မယ်"

ရှင်းလန်ရှို့ကပြုံး၍ ခေါင်းခါလေ၏။

"အားနမ်ဆိုးလည်း ငါသည်းခံနိုင်တယ်"

အိပ်တော့မယ်ဆိုတဲ့ ရွှယ်နမ်ရဲ့ နှုတ်ခမ်းတွေ ကွေးညွတ်သွားပြီးတော့ ယင်းဝူကိုကျောပေးကာ ရှင်းလန်ရှို့ဘက်ကို မျက်နှာလှည့်၍ အိပ်လိုက်တော့သည်။ ယင်းဝူလည်း သူ့အရက်အိုးထဲက လက်ကျန်အကုန်ကို မော့ပစ်၏။

Although the trip was rough (Completed)Where stories live. Discover now