🌺EP (46)🌺 ကံဆိုးတဲ့မော့ယွီပင်း

1.2K 190 0
                                    

Although the trip was rough

(46)
[ကံဆိုးတဲ့မော့ယွီပင်း]

တန်သိုက်မြို့သည် တောင်တန်းတွေနဲ့ သိပ်မဝေးပေ။ တန်သိုက်မြို့ကနေ မော့ထန်းဂိုဏ်းကို သွားမယ်ဆိုရင် တောင်တန်းတွေကို ဖြတ်ကျော်ရသည်။ မြို့ထဲကလူတွေလည်း တောင်တန်းတွေဆီကိုလာပြီး အမဲလိုက်ကြသည်။

မကြာခဏ တောင်ပေါ်တက်ကြသူတွေလည်း ရှိတာကြောင့် တောင်တက်လမ်းက ရှင်းလင်းနေသည်။ စိမ်းစိုနေသော တောင်တက်လမ်းပေါ်တွင် အရပ်အနိမ့်အမြင့် မညီသော လူနှစ်ယောက်သည် ဖြည်းဖြည်းချင်း လျှောက်လာနေ၏။

ပိုငယ်တဲ့ကောင်လေးက အရှေ့ကသွားကာ အရပ်ရှည်သော လူကတော့ အနောက်မှ လိုက်လာသည်။ ရုတ်တရက် ကောင်လေး ခြေချော်သွားရာ လူငယ်ကထိုကောင်လေးရဲ့ ခါးကိုဖမ်းထားပေးလေ၏။

"သတိထားလေ"

"ဟဲဟဲ..."

ရွှယ်နမ် ရယ်လိုက်သည်။

"တောင်ပေါ်မှာ မိုးရွာထားတာ မကြာသေးဘူးထင်တယ်.... ရှို့ကော ဟိုမှာ သစ်အယ်သီးအပင်ကြီး"

"အင်း သွားကြည့်ကြမယ်"

မြေကြီးသည် မိုးရေကြောင့် အနည်းငယ် စိုစွတ်နေသေးရာ လမ်းလျှောက်လျှင် သတိထားရသည်။ သူတို့သစ်အယ်သီး အပင်အောက်ကို ရောက်သောအခါ ရပ်တန့်သွား၏။ နှစ်ယောက်လုံး အရှေ့ကို ဆက်မလျှောက်နိုင်တော့ပေ။

အပင်အောက်မှာ လူတစ်ယောက် လဲနေသည်။ စိမ်းပြာရောင် ဝတ်ရုံတွေပေါ်မှာ သွေးတွေစိုရွဲနေပြီး ဒဏ်ရာအပြင်းအထန် ရထားပုံပင်။ ရွှယ်နမ် ရှင်းလန်ရှို့ကို ကြည့်လိုက်သည်။

"ကျွန်တော်တို့ သွားကြည့်ကြမလား?"

"အင်း"

သူတို့နှစ်ယောက် ကြီးမားသော အပင်ကြီးအောက်ကို သွားလိုက်သည်။ တောင်က အနည်းငယ် မက်စောက်လေရာ ခြေလှမ်းတွေကို သတိထားနေရ၏။ မူလက ရှင်းလန်ရှို့ဓားပျံသုံးချင်ခဲ့ပေမယ့် ရွှယ်နမ်က ဒီအတိုင်း လမ်းလျှောက်ချင်ကြောင်း ပြောခဲ့လေသည်။

အပင်အောက်ရောက်သော် လဲနေသူသည် ရှင်းလန်ရှို့နဲ့ အသက်အားဖြင့် မတိမ်းမယိမ်းလောက်ရှိမည့် ယောကျ်ားတစ်ယောက်မှန်း သိလိုက်ရသည်။ တစ်ဖက်လူမှာ အချိန်အကြာကြီး သတိလစ်နေခဲ့ပုံပင်။

Although the trip was rough (Completed)Wo Geschichten leben. Entdecke jetzt