Although the trip was rough
(72)
[မိသားစုတွေပြန်ဆုံကြပြီ]ပိုင်သွမ့်ထင်နဲ့ မော့ယွီပင်းတို့ ပျောက်ကွယ်သွားပြီးတော့ ရှင်းလန်ရှို့တို့လည်း အစီအရင် စက်ကွင်းထဲ ခုန်ဝင်သွားလေသည်။ စောင့်ကြပ်သူသည် စက်ကွင်းကို ပစ်လိုက်တာကြောင့် ဝုန်းကနဲ မြည်သွား၏။
စက်ကွင်းက အက်ကွဲကြောင်း ပေါ်လာသော်လည်း လူတွေကတော့ အပြင်ဘက်ကမ္ဘာကို ပြန်ရောက်သွားလေပြီ။ အပြင်ဖက်တွင် နေ့ဘက်အချိန်ကို ရောက်နေပြီ။
လေထုထဲတွင် လူ၆ယောက်နဲ့ မြွေဖြူကြီးတစ်ကောင် ပေါ်လာသည်။ သူတို့သည် မော့ထန်းအိမ်တော်နဲ့ အတော်ဝေးသော တောအုပ်ထဲသို့ ပြုတ်ကျလာ၏။ အစီအရင် စက်ကွင်းကို ထိသွားတာက ရှင်းလန်ရှို့ကို ထိလိုက်သလိုပဲ။
မြေကြီးပေါ် ချေချမိသော် ရှင်းလန်ရှို့သည် သွေးတစ်ပွတ်နဲ့အတူ မြေပေါ်ဒူးထောက်ကျသွားသည်။
"ရှို့ကော...."
ရွှယ်နမ် အလွန်စိုးရိမ်သွားတာကြောင့် ရှင်းလန်ရှို့အရှေ့တွင် ဒူးထောက်လိုက်သည်။ သူ့လက်တွေကြား ကုသစွမ်းအင်ကို အမြန်ထုတ်၍ ရှင်းလန်ရှို့ ရင်ဘတ်ပေါ် တင်ထားလိုက်သည်။ အကြောင်းမှာ သူရှင်းလန်ရှို့ရဲ့ အမြုတေကို တိုက်ရိုက်ကုသချင်တာကြောင့်သာ။
ရှင်းလန်ရှို့ရဲ့ အမြုတေက ကြယ်တာရာနန်းတော်ကြောင့် တစ်ခါ အက်ကွဲထားပြီးပြီ။ အမြုတေကို ထပ်ပြီး ထိခိုက်လာရင် ရှင်းလန်ရှို့ရဲ့ အသက်အန္တရာယ်က စိုးရိမ်စရာ ဖြစ်လာနိုင်သည်။
သက်သာလာပြီလို့ ခံစားလာရတာကြောင့် ရှင်းလန်ရှို့ ရွှယ်နမ့်လက်ချောင်းတွေကို ဆုပ်ကိုင်ထားလိုက်သည်။
"ကိုယ်အဆင်ပြေပါတယ်"
"တော်သေးတာပေါ့... အမြုတေကို မထိသွားဘူး"
ထိုအချိန်တွင် မြွေဖြူကြီးသည်လည်း လှပသော မိန်းကလေးအသွင် ပြောင်းလဲသွားကာ ရွှယ်ပိုင်ဟယ့်အနားတွင် ရပ်လိုက်သည်။ သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် စိုးရိမ်နေတဲ့ လူငယ်နှစ်ယောက်ကို အပြုံးတွေနဲ့ ကြည့်နေကြသည်။
YOU ARE READING
Although the trip was rough (Completed)