🌺EP (71)🌺ဝိညာဥ်နိုးထလာပြီ

1.1K 169 0
                                    

Although the trip was rough

(71)
[ဝိညာဥ်နိုးထလာပြီ]

လုရှုန်းက သူ့ဓားနဲ့ မလှမ်းမကမ်းက ခေါင်းဆောင်၂ကို ထိုးညွှန်လိုက်သည်။

"သူ့အသက်ကို ရပြီးရင် ငါပြန်မယ်...."

"မင်း!!"

ခေါင်းဆောင်၁ - "အယုတ်တမာ... မင်းကငါတို့ အားနည်းနေချိန်မှ လာသတ်ချင်တယ်ပေါ့!!! ဘာကြောင့်လဲ!!!"

"လုကျိုးရှီး....."

လုရှုန်းက နာမည်တစ်ခုကို ရွတ်လိုက်သည်။ သူ့ရဲ့ယောကျ်ားဆန်တဲ့ မာန်မာနက ဝိညာဥ်စွမ်းအင်နဲ့ ပေါင်းစည်းလိုက်သည့်အခါ တောအုပ်တစ်ခုလုံး ကျယ်လောင်သွားလေ၏။ ခေါင်းဆောင်၂လည်း မျက်လုံးပြူး မျက်စံပြူး ဖြစ်သွားသည်။

ခေါင်းဆောင်၁လည်း သူ့ညီလေးအား ကြည့်လိုက်သည်။ ညီဖြစ်သူ ငြိမ်ကျသွားတာက လုကျိုးရှီးဆိုတဲ့ နာမည်ကို သိနေသယောင်။ သူကတော့ ထိုအမည်ကို မသိပေ။ လုမျိုးရိုးဆိုတော့ လုရှုန်းနဲ့ ပတ်သတ်မှာတော့ သေချာသည်။

ခေါင်းဆောင်၁ - "လုကျိုးရှီးက ဘယ်သူလဲ?"

"သူ့ကိုမေး!!"

လုရှုန်းက ခေါင်းဆောင်၂အား စူးရဲစွာ စိုက်ကြည့်နေသည်။

လုရှုန်း - "လုကျိုးရှီးက ဘယ်သူလဲ....သူ လုကျိုးရှီးကို ဘာတွေလုပ်ခဲ့လဲ ငါဘာကြောင့် လုကျိုးရှီးအတွက် ရောက်လာလဲဆိုတာ..."

"မင်းက သူမနဲ့ ဘယ်လိုပတ်သတ်လဲ?"

ခေါင်းဆောင်၂ရဲ့အသံက ရုတ်တရက် ပြောင်းလဲသွားတာကို တွေ့လိုက်ရသည်။ သူက ဖြည်းဖြည်းချင်း မတ်တတ်ထရပ်လိုက်၏။ သူက လုရှုန်းကိုကြည့်၍။

"မင်းကသူမနဲ့ ဘယ်လိုပတ်သတ်လဲ?"

"သူမရဲ့ တစ်ဦးတည်းသောမောင်...."

ခေါင်းဆောင်၂က ရယ်လိုက်သည်။

"အဲဒါကြောင့် မင်းရယ်လိုက်ရင် သူမနဲ့ အရမ်းတူနေတာကိုး..."

"ခင်ဗျား ငါ့အမကို ချစ်ကြိုက်ခဲ့ပြီး လက်မထပ်ခဲ့ဘူး....သူမ ကိုယ်ဝန်ရလာတာတောင် ခင်ဗျားက လှည့်မကြည့်ခဲ့ဘူး ငါ့အမ ဆွေမျိုးတွေကြားမှာ ဘယ်လောက်အရှက်ရလဲ ခင်ဗျားသိလား!!! လူယုတ်မာ...."

Although the trip was rough (Completed)Where stories live. Discover now