Although the trip was rough
(78)
[သတင်းစကား]ကြယ်တာရာနန်းတော်ရှိ အိပ်ဆောင်ခြံဝန်းများသည် အင်မတန် ပေါများလှကာ အဆင့်မြင့်သူများသည် ကျယ်ဝန်းသော ခြံအကျယ်ကြီးကိုလည်း ရရှိထားကြသည်။
ထိုမြောက်များစွာသော အိပ်ဆောင်များအနက် တစ်စုံတစ်ယောက်၏ အိပ်ဆောင်ထဲရှိ ကုတင်သည် ပြင်းပြင်းထန်ထန် လှုပ်ခါနေ၏။ အဆောင်ထဲမှ အမျိုးသမီးတစ်ဦး၏ ရူးသွပ်နေသော ငြီးသံနဲ့အတူ ယောကျ်ားတစ်ယောက်ရဲ့ အသက်ရှူသံ ပြင်းပြင်းကိုလည်း ကြားရသည်။
အသံပိတ်အစီအရင်ကြောင့် သူတို့နှစ်ယောက်ရဲ့ လှုပ်ရှားသံတွေကို အပြင်လူတွေ မကြားနိုင်ပေ။ ထို့ကြောင့် စိတ်ကြိုက်ထွက်ပေါ်လာသော ညစ်ညမ်းတဲ့ အသံတွေကို သူတို့ကိုယ်တိုင်သာ ကြားနေရသည်။
လှုပ်ရှားသံတို့ ငြိမ်ကျသွားချိန်တွင် အပြင်ဖက်မှ လေတိုးသံတို့ကို ကြားလိုက်ရသည်။
"သခင်...."
"သခင်...."အစေခံနှစ်ယောက်ရဲ့ အသံကြောင့် ရှင်းထောင်သည် မိန်းမလှလေး၏ ဆံနွယ်တွေကို သပ်တင်ပေးနေရာမှ ရပ်သွားသည်။ သူက တံခါးဘက်ကို ကြည့်လိုက်၏။
အစေခံနှစ်ယောက်ရဲ့ အရိပ်နဲ့ သွေးစွန်းလာတာကို သူဖောက်မြင်ရသည်။ ထို့ကြောင့် မိန်းကလေးကို အိပ်ယာပေါ်ချ၍ ဝတ်ရုံတစ်ခုခြုံကာ အပြင်ထွက်ခဲ့လိုက်ရာ သူတံခါးဖွင့်လိုက်သည်နှင့် အစေခံက တခြားတစ်ယောက်ကို ရိုက်ထုတ်ပစ်တာ တွေ့လိုက်ရသည်။
ရှင်းထောင် မျက်မှောင်ကျုံ့သွားသည်။ သူ့ အစေခံတွေက ဘာလို့ တစ်ယောက်ကိုတစ်ယောက် ရိုက်နေကြတာလဲ။ လွင့်သွားသူသည် အလွန်အံ့သြနေတာကြောင့် စကားမပြောနိုင်ခင် ရိုက်လိုက်သူက ပြောလိုက်သည်။
"ရှင်းလန်ရှို့က သူသခင့်ကို ဖြည်းဖြည်းချင်း လာတွေ့မယ်လို့ စကားပါးလိုက်ပါတယ်...."
သူအမြန်ပြောလိုက်တာမို့ စောစောက လွင့်သွားသူသည် ဝင်ပြောဖို့ အချိန်မရလိုက်။ သူသေရတော့မယ်လို့ တွေးလိုက်သည်။ သူကြည့်လိုက်တော့ ရှင်းထောင်က သူ့ရှေ့ကအစေခံအား ဒီအတိုင်း စိုက်ကြည့်နေတာ တွေ့ရ၏။
VOUS LISEZ
Although the trip was rough (Completed)