🌺EP (70)🌺လူတစ်ယောက်နဲ့ မြွေရုပ်ထု

1.2K 170 2
                                    

Although the trip was rough

(70)
[လူတစ်ယောက်နဲ့ မြွေရုပ်ထု]

ရှင်းလန်ရှို့ကို အကူအညီတောင်းရလေသည်။ အကြောင်းမှာ တစ်ဖက်မိစ္ဆာမက လွတ်မြောက်ချင်တာကြောင့် သူတို့နဲ့ အပေးအယူ လုပ်နေတာပင်။ တကယ်လို့ သူမက လွှတ်ပေးလိုက်ပြီးမှ ထွက်ပြေးမယ်ဆိုရင် ဒီလိုတောထဲမှာ သူမကို ပြန်ရှာတွေ့ဖို့က ခက်ခဲသွားလိမ့်မည်။

ရှင်းလန်ရှို့က ထိုမိစ္ဆာမကို ကြည့်လိုက်သည်။

"မင်းကိုမေးမယ်....မင်းတွေ့ခဲ့တဲ့ အဲဒီမြွေဖြူက မိန်းမလား ယောကျ်ားလား... မင်းမှန်အောင် မဖြေနိုင်ဘူးဆိုရင်တော့ မင်းသူ့ကိုတကယ်မတွေ့ခဲ့ဘူး...ပြီးတော့ မင်းငါတို့ကို လိမ်နေတာပဲ"

မိစ္ဆာမက နှာခေါင်းရှုံ့ပြလိုက်သည်။

"မြွေဖြူတွေက အထီးအမ မရှိလို့လား....သူ့ဘာသာ ဘယ်လိုပဲဖြစ်ဖြစ် ငါတွေ့ခဲ့တယ်ဆို တွေ့ခဲတယ်ပေါ့!!"

ရှင်းလန်ရှို့ - "မလွတ်ချင်ဘူးလား?"

"မိန်းကလေး....ငါတွေ့တာ မြွေဖြူမ....သူ့ကိုရှာချင်ရင် အဲဒီတည့်တည့်ကို ဆက်သွား....ငါသိတာ ငါပြောပြီးပြီ... ငါ့ကိုလွှတ်ပေးတော့..."

ရွှယ်နမ် စိတ်လှုပ်ရှားစွာနဲ့ ရှင်းလန်ရှို့ကို ကြည့်လိုက်သည်။ ရှင်းလန်ရှို့ ထိုမိစ္ဆာမကို လွှတ်ပေးလိုက်ပြီး ရွှယ်နမ်ကိုဆွဲကာ ညွှန်ပြတဲ့ အရပ်ဖက်သို့ ပျံသန်းလာခဲ့တော့သည်။

အစီအရင်ကြိုးကြောင့် မိစ္ဆာမက လိမ်ညာနေတာ မဟုတ်ကြောင်း ရှင်းလန်ရှို့ သိလေသောကြောင့် ထိုမြွေဖြူမက ရွှယ်နမ်ရဲ့အမေ ဖြစ်နိုင်ကြောင်း သူကောက်ချက်ချလိုက်သည်။ သူတို့နှစ်ယောက်သည် သစ်ကိုင်းများကို ခြေကုပ်ယူရာအဖြစ် အသုံးပြုပြီး ဆက်တိုက် ပျံသန်းလာခဲ့၏။

ရွှယ်နမ် စိတ်လှုပ်ရှားနေသလို စိတ်မကောင်းလည်း ဖြစ်သွားသည်။ သူ့အဖေနဲ့အမေ ပြန်မလာတော့တာက သူတို့သေပြီလို့ ထင်စေခဲ့သော်လည်း လက်တွေ့မှာတော့ သူတို့က မသေခဲ့ပေ။

လွတ်မြောက်ဖို့ ခက်ခဲတဲ့ ကမ္ဘာငယ်ထဲမှာ ပိတ်မိနေခဲ့တာပဲ။ အဲဒီလိုဆိုရင် သူ့အဖေနဲ့အမေက အသက်ရှင်နေတယ်လို့ မျှော်လင့်လို့ရသေးတယ် မဟုတ်လား။

Although the trip was rough (Completed)Donde viven las historias. Descúbrelo ahora