Although the trip was rough
(49)
[အကျဥ်းသားများကယ်ထုတ်ခြင်း]မော့ယွီပင်း မန္တာန်တစ်ခုကို ရွတ်ဖတ်လိုက်သောအခါ စွမ်းအားတစ်ခုသည် သူတို့သုံးယောက်လုံးကို ဆွဲခေါ်သွားလေသည်။ ရုတ်တရက် ဖြစ်ပေါ်လာသော စွမ်းအားက ကင်းလှည့်နေတဲ့ အစောင့်တွေကို သတိပေးသလို ဖြစ်သွား၏။
အုတ်တံတိုင်းပေါ်က အစောင့်တွေ ချက်ချင်း အမှောင်ထဲကို ငုံ့ကြည့်လိုက်ကြသည်။ ဘာစွမ်းအင်နဲ့ ဘယ်သူ့ကိုမှ မတွေ့ရပေ။ သို့သော် သူတို့သည် ငတုံးတွေမဟုတ်သလို အခုတလော ဂိုဏ်းကလည်း အထူးအဆန်းတွေ ဖြစ်နေတယ်လို့ ခံစားရတာကြောင့် အစောင့်တစ်ယောက်သည် သတင်းပို့ဖို့ အမြန်ပြေးထွက်သွား၏။
စွမ်းအားတစ်ခုရဲ့ ဆွဲခေါ်မှုကြောင့် ရှင်းလန်ရှို့တို့ သုံးယောက်စလုံး မော့ယွီပင်းအခန်းထဲ ရောက်လာခဲ့သည်။
ရွှယ်နမ် - "ဒါ...."
မော့ယွီပင်း - "ငါ့အခန်း...."
အခန်းက ဘယ်သူမှမရှိတာကြောင့် မှောင်မည်းနေသည်။
"မင်းတို့ခဏစောင့်ဦး"
မော့ယွီပင်းက သူ့အိပ်ခန်းဘက်ကို အမြန်ပြေးထွက်သွားသည်။ ထိုစဥ် အပြင်ဖက်မှ ခြေသံတချို့ကို ကြားရတာကြောင့် ရှင်းလန်ရှို့ တံခါးနားကို ပြေးသွားကြည့်လိုက်သည်။
လူငါးယောက်လောက်က အခန်းဘက်ကို လာနေ၏။ သူတို့က မော့ယွီပင်းအခန်းဆီကို တည့်တည့်လာနေတာ။ အပြင်ဖက်ကလူက အဆင့်မြင့်တာကို ရှင်းလန်ရှို့ ခံစားမိသည်။ သူလက်တစ်ဖက်ထဲတွင် စွမ်းအင်စုစည်းကာ တိုက်ခိုက်ဖို့ အသင့်ပြင်ထား၏။
ထိုအချိန်တွင် မော့ယွီပင်းလည်း အိပ်ခန်းထဲက ပြန်ပြေးထွက်လာသည်။
"လူလား?"
ရွှယ်နမ် - "ဟုတ်တယ်... လူတွေ ကျွန်တော်တို့ဘက်ကို လာနေတာ။ ကျွန်တော်တို့အခု ဘယ်လိုပြန်ထွက်ကြမလဲ?"
"ငါတို့အရှေ့ကတော့ ထွက်လို့မဖြစ်ဘူး.... လျှိုဝှက်တံခါးကနေ ထွက်ကြမယ်"
ရှင်းလန်ရှို့က တံခါးတွင်ကပ်လျက် အပြင်ကအခြေအနေကို စောင့်ကြည့်နေ၏။ လူငါးယောက်ထဲက တစ်ယောက်သည် တံခါးနားရောက်လာသည်။ ထိုစဥ် အရိပ်တစ်ရိပ် ဖြတ်ပြေးသွားသည်။
YOU ARE READING
Although the trip was rough (Completed)