Although the trip was rough
(36)🌺
[ဝိညာဥ်စွမ်းအင် ဗဟိုချက်]ရွှယ်နမ်သည် သူ့ဆီကို လက်နက်တစ်ခု ပြေးလာနေတာကို မသိချေ။ သူက ပါးလွှာပြီး အစိမ်းရောင် တောက်နေသော မြက်ပင်ကလေးကိုသာ ဆွဲနုတ်ဖို့ စိတ်စောနေသည်။
'ရွှမ်း....'
ချွန်ထက်သော လက်နက်တစ်ခုက ရွှယ်နမ်ထံရောက်ခါနီးတွင် ရွှေကြိုးတစ်ချောင်းက ထိုလက်နက်ကို ရိုက်ထုတ်ပစ်လိုက်သည်။ ချင်ကျိုက်လည်း သူ့တိုက်ကွက်ကို ရိုက်ထုတ်လိုက်သော ရွှေကြိုးကို မြင်လိုက်ရ၏။
ရွှေရောင်စွမ်းအင်ဆိုတာ ကျင့်ကြံခြင်းလောကမှာ အင်မတန် တွေ့ရခဲသည်။ ထို့ကြောင့် ချင်ကျိုက် အံ့ဩသွား၏။ သို့သော်ငြားလည်း တစ်ဖက်လူက ထိပ်တန်းအဆင့်လေးသာ ရှိတာကိုတွေ့တော့ ချင်ကျိုက် မဲ့ပြုံး ပြုံးလိုက်သည်။
တစ်ဖက်မှာတော့ ချင်ကျိုးနဲ့ ကျီးယွမ်သည် တစ်ယောက်ကိုတစ်ယောက် အလျှော့မပေးဘဲ တိုက်ခိုက်နေကြသည်။
'ဝုန်း....'
'ဝုန်း....'
အော့ရွှမ်သည် ချင်ကျိုက်ထင်ထားတာထက် ပိုစွမ်းနေတာကြောင့် ရေသန့်စင်ခြင်းမြက်ကို ယူဖို့ သူတို့အတွက် အခက်အခဲဖြစ်လာသည်။ တစ်ဖက်က သူတို့ထက် လူအင်အားများနေသည်။
ချင်ကျိုက်လည်း ချင်ကျိုးကို ဓားပေါင်းများစွာ ပစ်သွင်း၍ တားဆီးထားပြီး ရွှယ်နမ်ရှိရာသို့ ဖျက်ကနဲ ပြေးဝင်သွားသည်။ ထိုစဥ် ရွှယ်နမ်သည် ရေသန့်စင်ခြင်းမြက်ကို ဆွဲယူပြီးသွားပြီ ဖြစ်၏။
"ရှို့ကော...."
'ဝုန်း.....'
ချင်ကျိုက်ရဲ့လက်ဝါးကို ရှင်းလန်ရှို့မှ လက်ဝါးဖြင့် ဝင်ကာလိုက်သည်။ မြည်သံကျယ်ကြီး ဖြစ်ပေါ်လာပြီး မြေကြီးတွေတုန်ခါသွား၏။ ထာဝရရှင်သန်သူ ဖြစ်နေတဲ့ ကောင်းကင်အဆင့် ချင်ကျိုက်ရဲ့ စွမ်းအားက ရှင်းလန်ရှို့အတွက်တော့ ပြင်းထန်လှသည်။
ရှင်းလန်ရှို့ လွင့်သွားပြီး သွေးတစ်ပွတ် အန်လာ၏။ ထိုစဥ် အော့ရွှမ်သည် လေထုအလယ်မှ စွမ်းအင်စီးကြောင်းတစ်ခု ပစ်လိုက်သည်။ ချင်ကျိုက်သည် လက်တစ်ဖက်ဆန့်ကာ အော့ရွှမ်ရဲ့စွမ်းအားကို ကာကွယ်ထားလိုက်၏။
YOU ARE READING
Although the trip was rough (Completed)