Although the trip was rough
(89)
[ပေါင်းစည်းစွမ်းအင်]ရှင်းဝမ်ချွမ် သူမရဲ့လက်ဝါးစွမ်းအင် အလင်းတန်းကို အကာအကွယ် စည်းဝိုင်းထဲက ရွှယ်နမ်တို့ဆီ ပစ်လွှတ်လိုက်သည်။ ကျီးယွမ် စိတ်ပူသွား၏။ ရှင်းဝမ်ချွမ်ကလည်း နတ်ဘုရားအဆင့်ကို ရောက်တော့မယ့်သူ။
ရှင်းလန်ရှို့က နတ်ဘုရားအဆင့်ပေမယ့် ရှင်းဝမ်ချွမ်သာ ဒီအကာအကွယ်စည်းကို ချိုးဖောက်ဖို့ အကြိမ်ကြိမ်လုပ်ရင် သူမတို့နှစ်ယောက် အန္တရာယ်ရှိသွားနိုင်သည်။ အလင်းတန်းက သူမတို့ဆီ ပြေးလာနေပြီ။
ကျီးယွမ် လက်ဝါးတစ်ဖက်က ကာကွယ်ဖို့အတွက် ပြင်လိုက်စဥ် အနက်ရောင် အရိပ်တစ်ရိပ်က ဖြတ်ဝင်လာ၏။ သူက ရှင်းဝမ်ချွမ်ရဲ့ အလင်းတန်းကို ကာကွယ်လိုက်သည်။
'ဝုန်း.....'
ကျီးယွမ် အံ့ဩသွားပြီး ယင်းဝူရဲ့ကျောကို ကြည့်လိုက်သည်။ ယင်းဝူက ပေါ့ပေါ့ပါးပါး ဆိုလေ၏။
"ငါတောင် မကင်စားရက်သေးတဲ့ အစာကို ထိဖို့တော့ မကြိုးစားနဲ့လေ"
ကျီးယွမ် -"......"
ရှင်းဝမ်ချွမ်က အပြုံးတစ်ပွင့် လုပ်ပြ၍။
"ကျွန်မသူ့ကို သတ်ပြီးရင် ရှင့်ကိုပြန်ပေးမယ်လေ"
ယင်းဝူကလည်း အတုအယောင်ဆန်သော အပြုံးတစ်ပွင့်သာ ပြန်လုပ်ပြပြီး ပြန်မပြောချေ။ ရှင်းဝမ်ချွမ်သတ်ချင်နေတာက ရွှယ်နမ်ဖြစ်ကာ သူ့ရဲ့အစာဆိုတာလေးက ကျီးယွမ်သာ ဖြစ်သည်။
ဒါပေမဲ့ အဲဒါကိုတစ်ဖက်လူအား ရှင်းပြချင်စိတ် သူ့မှာမရှိချေ။ ထို့ကြောင့် ရှင်းဝမ်ချွမ်ရဲ့ နောက်ထပ်လက်ဝါးချက်တွေကိုသာ အေးဆေး ကာကွယ်နေလိုက်သည်။ အဆင့်မြင့်သူတွေရဲ့ တိုက်ပွဲမှာ ကျီးယွမ်တို့က ဘေးကကြည့်နေရုံသာ တတ်နိုင်၏။
ရှင်းဝမ်ချွမ် -"ရှင်တို့ဒီအတိုင်းပဲ ရပ်ကြည့်နေတော့မှာလား? ဒီမြွေဖြူကိုသာရရင် ရှင်းလန်ရှို့ကို သတ်ဖို့ လွယ်ပြီ!!"
သူမရဲ့ သတိပေးသံက တတိယသခင်ရဲ့ လူသုံးယောက်အား သတိဝင်သွားစေ၏။ သုံးယောက်သား ယင်းဝူတို့ထံ တစ်ပြိုင်တည်း ပြေးဝင်လာကြသည်။ ထိုအခိုက် လေထုအလယ်တွင် ရှင်းထောင်နဲ့ တိုက်ခိုက်နေသည့် ရှင်းလန်ရှို့ရဲ့ ရွှေကြိုးသည် ထိုသူသုံးယောက်ရှေ့ ဖြောင်းခနဲ ရိုက်ခတ်လာ၏။
YOU ARE READING
Although the trip was rough (Completed)